Sea အကြောင်း ကျမ်းစာအခန်းငယ်များ: Calmed by Jesus
Calmed by Jesus အကြောင်း အခန်းငယ်များ
ကိုယ်တော်သည် ကျိန်းစက်၍ နေတော်မူ၏။
တပည့်တော်တို့သည် ချဉ်းကပ်၍ ကိုယ်တော်ကို နှိုးပြီးလျှင်၊ သခင်၊ အကျွန်ုပ်တို့သည် ပျက်စီးခြင်းသို့ ရောက်ပါ၏။ ကယ်မတော်မူပါဟု လျှောက်ကြသော်၊
ကိုယ်တော်က၊ ယုံကြည်အားနည်းသော သူတို့၊ အဘယ်ကြောင့် ကြောက်တတ်သနည်းဟု မေးတော်မူ ပြီးလျှင်၊ ထ၍ လေနှင့်ပင်လယ်ကို ဆုံးမတော်မူသဖြင့် အလွန်သာယာလေ၏။
ထိုအခါ ပြင်းစွာသောမိုဃ်းသက်မုန်တိုင်းဖြစ်၍ လှိုင်းတံပိုးခတ်သောကြောင့် လှေသည် ရေနှင့် ပြည့် လေ၏။
ကိုယ်တော်သည် ပဲ့၌ ခေါင်းအုံးပေါ်မှာ ကျိန်းစက်၍နေတော်မူ၏။ တပည့်တော်တို့သည် ကိုယ်တော် ကို နှိုးပြီးမှ၊ အရှင်ဘုရား၊ အကျွန်ုပ်တို့သည်ပျက်စီးခြင်းသို့ ရောက်သည်ကို လျစ်လျူသောစိတ်ရှိတော်မူ သ လောဟု လျှောက်ကြသော်၊
ကိုယ်တော်သည် ထ၍ တိတ်ဆိတ်ငြိမ်ဝပ်စွာ နေဟုလေနှင့် ပင်လယ်ကို ဆုံးမတော်မူသဖြင့် လေသည် ငြိမ်၍ အလွန်သာယာလေ၏။