Sea အကြောင်း ကျမ်းစာအခန်းငယ်များ: Creation of
Creation of အကြောင်း အခန်းငယ်များ
တဖန်ဘုရားသခင်က မိုဃ်းကောင်းကင်အောက်၌ရှိသော ရေစုဝေးစေ၊ ကုန်းပေါ်စေဟု အမိန့်တော် ရှိသည်အတိုင်း ဖြစ်လေ၏။
ကုန်းကိုမြေဟူသော အမည်ဖြင့်၎င်း၊ ရေစုဝေးရာကို ပင်လယ်ဟူသောအမည်ဖြင့်၎င်း၊ ဘုရားသခင် ခေါ်ဝေါ်သမုတ်တော်မူ၍ ထိုအမှုအရာကောင်းသည်ကို ဘုရားသခင်မြင်တော်မူ၏။
ပင်လယ်ကိုလည်းဖန်ဆင်း၍ ပိုင်တော်မူ၏။ ကုန်းကိုလည်း လက်တော်နှင့် ပြုပြင်တော်မူ၏။
ကောင်းကင်အထပ်ထပ်နှင့် ကောင်းကင်ပေါ် မှာ ရေများတို့၊ ချီးမွမ်းကြလော့။
ထိုအရာတို့ကိုအမိန့်တော်ရှိ၍၊ ဖန်ဆင်းတော်မူ သောကြောင့်၊ ထာဝရဘုရား၏နာမတော်ကို ချီးမွမ်း ကြစေ။