Salutations အကြောင်း ကျမ်းစာအခန်းငယ်များ: Falling on the neck and kissing
Falling on the neck and kissing အကြောင်း အခန်းငယ်များ
ထိုအခါ ဧသောသည် ကြိုဆိုခြင်းငှါ ပြေးလာ၍၊ လည်ချင်းရှက်လျက်၊ ပိုက်ဘက်နမ်းရှုတ်ခြင်းကိုပြု၍၊ နှစ်ယောက်စလုံးတို့သည် ငိုကြွေးကြ၏။
ညီဗင်္ယာမိန်လည်ပင်းကို ဘက်၍ ငိုလေ၏။ ဗင်္ယာမိန်သည်လည်း သူ၏လည်ပင်း၌ ငိုလေ၏။
တဖန် အစ်ကိုရှိသမျှတို့ကို နမ်း၍ သူတို့နှင့် ငိုသောနောက် အချင်းချင်းနှုတ်ဆက်ကြ၏။
ထ၍ အဘထံသို့ သွားလေ၏။ သွား၍ ဝေးသေးသောအခါ အဘသည် သူ့ကိုမြင်လျှင်၊ သနားသော စိတ်ရှိသည်နှင့် ပြေးသွား၍ သား၏လည်ပင်းကို ပိုက်ဘက်လျက် နမ်းရှုပ်လေ၏။