Salutations အကြောင်း ကျမ်းစာအခန်းငယ်များ: By letter
By letter အကြောင်း အခန်းငယ်များ
ငါပေါလုသည် နှုတ်ဆက်ခြင်းအချက်ကို ကိုယ်လက်နှင့် ရေးထား၏။
သန့်ရှင်းသူအပေါင်းတို့သည် သင်တို့ကို နှုတ်ဆက်ကြ၏။
ယေရှုခရစ်၌ရှိသော သန့်ရှင်းသူအပေါင်းတို့ကို နှုတ်ဆက်ကြလော့။
ငါပေါလုသည် သင်တို့အား နှုတ်ဆက်သောအချက်ကို ကိုယ်လက်ဖြင့် ရေးထား၏။ ငါခံရသော ချည်နှောင်ခြင်းကို အောက်မေ့ကြလော့။ သင်တို့၌ ကျေးဇူးတော်ရှိစေသတည်း ။ အာမင်။ ကောလောသဲဩဝါဒစာပြီး၏။
ငါပေါလုသည် သင်တို့ကို နှုတ်ဆက်ခြင်း အချက်ကို ကိုယ်လက်နှင့်ရေးထား၏။ ဤသို့ရေးထား လေ့ရှိ၍၊ ငါရေးသမျှသော ဩဝါဒ၏ လက္ခဏာဖြစ်၏။
သင်၏မြတ်သောညီမ၏ သားသမီးတို့သည် သင့်ကိုနှုတ်ဆက် ကြ၏။ ရှင်ယောဟန်ဩဝါဒစာဒုတိယစောင်ပြီး၏။
မကြာမမြင့်မှီသင့်ကို ငါတွေ့မြင်လျှင် အချင်းချင်းနှုတ်ဆက်၍ စကားပြောမည်ဟု မြော်လင့်လျက် နေ၏။ သင်၌ငြိမ်သက်ခြင်းရှိပါစေသော။ အဆွေတို့သည် သင့်ကိုနှုတ်ဆက်ကြ၏။ သင်၌ရှိသောအဆွေတို့၏ နာမည်ကို ထုတ်၍နှုတ်ဆက်လော့။ ရှင်ယောဟန်ဩဝါဒစာတတိယစောင်ပြီး၏။