အကြောင်းအရာသို့ ကျော်သွားရန်

Rock အကြောင်း ကျမ်းစာအခန်းငယ်များ: Figurative

10 အခန်းငယ် · 5 ရှုထောင့်

"Rock" ကို ရှာဖွေရန်

Figurative အကြောင်း အခန်းငယ်များ

  1. ထာဝရဘုရားမှတပါး အဘယ်ဘုရားသခင် ရှိသနည်း။ ငါတို့ ဘုရားသခင်မှ တပါးအဘယ်မည်သော ကျောက်ရှိသနည်း။

  2. ထာဝရဘုရားသည် အသက်ရှင်တော်မူသည် ဖြစ်၍ ငါ၏ကျောက်၌ မင်္ဂလာရှိပါစေသတည်း။ ငါ့ကို ကယ်တင်သော ကျောက်၏ဘုရားသခင်၌ ချီးမြှောက်ခြင်း ရှိပါစေသတည်း။

  3. ဣသရေလအမျိုး၏ ဘုရားသခင်၊ ဣသရေလ အမျိုး၏ကျောက်သည် ငါ့အားဖြင့် မိန့်မြွက်တော်မူသည် ကား၊ လူတို့ကို အုပ်စိုးသော သူသည်တရားသဖြင့် စီရင်၍ ဘုရားသခင်ကို ကြောက်ရွံ့လျက် အုပ်စိုးရမည်။

  4. ထာဝရဘုရားသည် ငါ၏ကျောက်၊ ငါ၏မြို့ရိုး၊ ငါ့ကိုကယ်လွှတ်သောသခင်၊ ငါ၏ဘုရား၊ ငါကိုးစားသော အစွမ်းသတ္တိ၊ ငါ၏ အကွယ်အကာ၊ ငါ့ကိုကယ်တင်သော ဦးချို၊ ငါ၏ရဲတိုက်ဖြစ်တော်မူ၏။

  5. အကျွန်ုပ်ဘက်သို့ နားတော်ကို လှည့်၍ အလျင်အမြန်၊ ကယ်နှုတ်တော်မူပါ။ ကိုယ်တော်သည် အကျွန်ုပ်၌ ခိုင်ခံ့သောကျောက်။ အကျွန်ုပ်လုံခြုံရာ ရဲတိုက်ဖြစ်တော်မူပါ။

  6. ပျက်စီးရာတွင်းနှင့် အလွန်ဆိုးသောရွှံ့ထဲကငါ့ကို ဆယ်နှုတ်ပြီးလျှင် ငါ့ခြေတို့ကို ကျောက်ပေါ်မှာတင်၍ ငါခြေရာတို့ကို တည်စေတော်မူ၏။

  7. သင့်ကို ကယ်တင်တော်မူသော ဘုရားသခင်ကို သင်သည် မေ့လျော့၍၊ မိမိခိုလှုံရာ ကျောက်ကို မိမိမ အောက်မေ့သောကြောင့်၊ သာယာသော ပျိုးပင် တို့နှင့်၊ တကျွန်းတနိုင်ငံအညွန့်တို့ကို စိုက်ပျိုး၍၊

  8. ထိုမင်းတို့သည် လေလုံ၍ မိုဃ်းသက်မုန်တိုင်း ကွယ်ရာအရပ်ကဲ့သို့၎င်း၊ သွေ့ခြောက်သောမြေ၌ စီးသော ချောင်းကဲ့သို့၎င်း၊ နေပူသော အရပ်၌ ကျောက်လုံးကြီးအ ရိပ်ကဲ့သို့၎င်း ဖြစ်ကြလိမ့်မည်။

  9. ငါဆိုသည်ကား၊ သင်သည် ပေတရုဖြစ်၏။ ဤကျောက်ပေါ်မှာ ငါ့အသင်းကို ငါတည်ဆောက်မည်။ ထိုအသင်းကို မရဏာနိုင်ငံ၏တံခါးတို့သည် မနိုင်ရာ။

  10. ထိုသူတို့နောက်၌ လိုက်သောဓမ္မကျောက်မှ ထွက်သောရေကို သောက်ကြ၏။ ထိုကျောက်ကား ခရစ် တော်ဖြစ်သတည်း။