အကြောင်းအရာသို့ ကျော်သွားရန်

Respect of Persons အကြောင်း ကျမ်းစာအခန်းငယ်များ: General references

11 အခန်းငယ် · 2 ရှုထောင့်

General references အကြောင်း အခန်းငယ်များ

  1. ထိုမှတပါး၊ ပညာရှိတို့နှင့်ဆိုင်သော အရာဟူမူ ကား၊ တရားတွေ့မှု စီရင်ရာတွင် လူမျက်နှာကို မထောက် ကောင်း။

  2. လူမျက်နှာကို မထောက်ကောင်း။ သို့သော် လည်း၊ လူသည် မုန့်တဖဲ့ကိုရခြင်းငှါ ဒုစရိုက်ကို ပြုလိမ့် မည်။

  3. ငါ့ညီအစ်ကိုတို့၊ ဘုန်းကြီးတော်မူသော ငါတို့ သခင်ယေရှုခရစ်ကို ယုံကြည်ခြင်းအမှုမှာ၊ လူမျက်နှာကို ထောက်ခြင်းမရှိကြနှင့်။

  4. ရွှေလက်စွပ်နှင့်တင့်တယ်သော အဝတ်ကို ဝတ်ဆင်သောသူ၊ ညစ်သောအဝတ်ကိုဝတ်၍ ဆင်းရဲသော သူနှစ်ဦးသည် သင်တို့၏ တရားစရပ်ထဲသို့ ဝင်သောအခါ၊

  5. တင့်တယ်သောအဝတ်ကို ဝတ်ဆင်သောသူကိုကြည့်၍၊ ကောင်းမွန်သော ဤအရပ်မှာထိုင်ပါဟူ၍၎င်း၊ ဆင်းရဲသောသူကို၊ ဟိုမှာနေလော့၊ သို့မဟုတ်ဤအရပ်မှာ ငါ့ခြေတင်ခုံအောက်၌ ထိုင်လော့ဟူ၍၎င်း၊ သင်တို့သည် ပြောဆိုလျှင်၊

  6. တဘက်၌ငဲ့ကွက်သောစိတ်ရှိ၍ မကောင်းသောအကြံအစည်နှင့် စီရင်သောသူ ဖြစ်ကြသည်မဟုတ် လော။

  7. ငါချစ်သောညီအစ်ကိုတို့၊ နားထောင်ကြလော့။ လောကတွင် ဆင်းရဲသောသူတို့သည် ယုံကြည်ခြင်း ရတနာကို ရတတ်စေခြင်းငှါ၎င်း၊ ဘုရားသခင်ကို ချစ်သောသူတို့အား ပေးမည်ဟုဝန်ခံတော်မူသော နိုင်ငံ တော်၏အမွေခံဖြစ်စေခြင်းငှါ၎င်း၊ ထိုသူတို့ကို ရွေးကောက်တော်မူသည် မဟုတ်လော။

  8. သင်တို့သည် ဆင်းရဲသောသူကို မထီမဲ့မြင်ပြုကြသည်တကား။ ငွေရတတ်သော သူတို့သည် သင်တို့ကို ညှဉ်းဆဲနှိပ်စက်ကြသည်မဟုတ်လော။ တရားပလ္လင် ရှေ့သို့ ဆွဲငင်ကြသည်မဟုတ်လော။

  9. သင်တို့ကို သမုတ်သော နာမတော်မြတ်ကို သူတို့သည်ကဲ့ရဲ့ကြသည်မဟုတ်လော။

  10. ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့ဟု ကျမ်းစာ၌ပါသော ရွှေပညတ်တော်ကို သင်တို့သည် စောင့်ရှောက်လျှင်၊ ကောင်းသောအကျင့်ကို ကျင့်ရာသို့ရောက်ကြ၏။

  11. သို့မဟုတ်လူမျက်နှာကိုထောက်လျှင်၊ ဒုစရိုက်ကို ပြုသောသူဖြစ်ကြ၏။ တရားကို လွန်ကျူးသောသူဟု ပညတ်တော်အားဖြင့် ထင်ရှားစွာဖြစ်ကြ၏။