အကြောင်းအရာသို့ ကျော်သွားရန်

Prayer Under Affliction အကြောင်း ကျမ်းစာအခန်းငယ်များ: That God would consider our trouble

4 အခန်းငယ် · 17 ရှုထောင့်

"Prayer Under Affliction" ကို ရှာဖွေရန်

That God would consider our trouble အကြောင်း အခန်းငယ်များ

  1. အိုထာဝရဘုရား၊ နားတော်ကို လှည့်၍ နား ထောင်တော်မူပါ။ အိုထာဝရဘုရား၊ မျက်စိတော်ကိုဖွင့်၍ ကြည့်ရှုတော်မူပါ။ သနာခရိပ်မင်းသည် အသက်ရှင်တော် မူသော ဘုရားသခင်ကို ကဲ့ရဲ့၍ပြောစေသော စကား အလုံးစုံတို့ကို မှတ်တော်မူပါ။

  2. သို့ဖြစ်၍၊ အို အကျွန်ုပ်တို့၏ဘုရား၊ ကြီးမြတ်၍ မဟာတန်ခိုးနှင့် ပြည့်စုံလျက် ကြောက်မက်ဘွယ်သော ဘုရား၊ ကရုဏာပဋိညာဉ်တော်ကို စောင့်တော်မူသော ဘုရား၊ အာရှုရိရှင်ဘုရင်လက်ထက်မှစ၍ ယနေ့တိုင် အောင်၊ အကျွန်ုပ်တို့ ရှင်ဘုရင်၊ မှူးမတ်၊ ယဇ်ပုရောဟိတ်၊ ပရောဖက်၊ အဆွေအမျိုးသူကြီး၊ ကိုယ်တော်၏ လူ အပေါင်းတို့အပေါ်သို့ ရောက်သော ဘေးဒဏ်ရှိသမျှကို ပမာဏမပြုဘဲ နေတော်မမူပါနှင့်။

  3. အိုထာဝရဘုရား၊ အကျွန်ုပ်ကို ကယ်မသနား တော်မူပါ။ အကျွန်ုပ်ကို မုန်းသောသူတို့၏ ညှဉ်းဆဲခြင်း အမှုကိုကြည့်ရှု၍၊ သေမင်းလက်မှ အကျွန်ုပ်ကို ကယ်နှုတ် တော်မူပါ။

  4. အိုထာဝရဘုရား၊အကျွန်ုပ်တို့၌ရောက်သော အမှုကို အောက်မေ့တော်မူပါ။ အကျွန်ုပ်တို့ခံရသော ကဲ့ရဲ့ခြင်းကိုကြည့်ရှု၍ ဆင်ခြင်တော်မူပါ။