Prayer Under Affliction အကြောင်း ကျမ်းစာအခန်းငယ်များ: For deliverance
For deliverance အကြောင်း အခန်းငယ်များ
အကျွန်ုပ် စိတ်နှလုံးဆင်းရဲသည်ကို ချမ်းသာ ပေး၍၊ အမှုများထဲက ကယ်နှုတ်တော်မူပါ။
အိုဘုရားသခင်၊ ဣသရေလအမျိုးကို ခပ်သိမ်း သော ဒုက္ခအထဲက ရွေးနှုတ်တော်မူပါ။
အကျွန်ုပ်ကို ဒဏ်ခတ်တော်မမူပါနှင့်ဦး။ လက်တော်အောက်၌ ဆုံမခြင်းကိုခံရ၍ အားကုန်ပါပြီ။
အိုထာဝရဘုရား၊ ပြင်းစွာ အမျက်ထွက်တော် မမူပါနှင့်။ ပြစ်မှားမိသော အပြစ်တို့ကို အစဉ်မပြတ် အောက်မေ့တော်မမူပါနှင့်။ ကြည့်ရှုတော်မူပါ။ အကျွန်ုပ်တို့ ရှိသမျှသည် ကိုယ်တော်၏ လူဖြစ်ကြပါ၏။
သန့်ရှင်းသောမြို့တော်တို့သည် တောဖြစ်ကြပါ ပြီ။ ဇိအုန်တောင်လည်း တောဖြစ်ပါပြီ။ ယေရုရှလင်မြို့ လည်းပျက်စီးပါပြီ။
ကိုယ်တော်ကို ဘိုးဘေးတို့ချီးမွမ်းရာအရပ်၊ အကျွန်ုပ်တို့၏ သန့်ရှင်းတင့်တယ်သော ဗိမာန်တော်ကို မီးလောင်ပါပြီ။ အကျွန်ုပ်တို့နှစ် သက်ဘွယ်သော အရာရှိသမျှတို့သည် သုတ်သင်ပယ်ရှားလျက်ရှိကြပါ၏။
အိုထာဝရဘုရား၊ ဤအမှုတို့ကို သည်းခံတော်မူ မည်လော၊ အောင့်လျက်နေ၍ အကျွန်ုပ်တို့ကို အလွန် ဆင်းရဲစေတော်မူမည်လော။
အို ထာဝရဘုရား၊ အကျွန်ုပ်၏ အနာကို ငြိမ်း စေတော်မူပါ။ သို့ပြုလျှင်၊ အကျွန်ုပ်သည် အနာငြိမ်းပါလိမ့် မည်။ အကျွန်ုပ်ကို ကယ်တင်တော်မူပါ။ သို့ပြုလျှင်၊ အကျွန်ုပ်သည် ကယ်တင်ခြင်းသို့ ရောက်ပါလိမ့်မည်။ ကိုယ်တော်သည် အကျွန်ုပ် ချီးမွမ်းရာဖြစ်တော်မူ၏။