Pontius Pilate အကြောင်း ကျမ်းစာအခန်းငယ်များ: Allows Joseph of Arimathaea to take Jesus' body
Allows Joseph of Arimathaea to take Jesus' body အကြောင်း အခန်းငယ်များ
ညအချိန်ရောက်မှ အရိမသဲမြို့သား ယောသပ်အမည်ရှိသောသူဌေးသည် ယေရှု၏တပည့်တော် ဖြစ် သည်နှင့်၊
ပိလတ်မင်းထံသို့ဝင်၍ ယေရှု၏အလောင်းတော်ကို တောင်းလေ၏။ ပိလတ်မင်းသည် အလောင်း တော်ကို ပေးစေခြင်းငှါ အမိန့်တော်ရှိသော်၊
အသရေရှိသော လွှတ်အရာရှိ၊ အရိမသဲမြို့သား ယောသပ်သည်၊ ဘုရားသခင်၏နိုင်ငံတော်ကို မြော် လင့်သောသူဖြစ်သည်နှင့်၊ ပိမလတ်မင်းထံသို့ ရဲရင့်စွာဝင်၍ ယေရှု၏အလောင်းတော်ကို တောင်းလေ၏။
ယေရှုသည်ယခုပင်သေသည်ကို ပိလတ်မင်းသည် အံ့ဩခြင်းရှိသဖြင့် တပ်မှူးကိုခေါ်၍၊ သေသည် ကား ကြာပြီလောဟုမေး၏။
သေကြောင်းကို တပ်မှူးစကားဖြင့်သိလျှင်၊ အလောင်းတော်ကို ယောသပ်အားအပ်ပေး၏။
ယေရှု၏အလောင်းတော်ကို တောင်းလေ၏။
ထိုနောက်မှ အရိမသဲမြို့သားယောသပ်သည် ယုဒလူတို့ကိုကြောက်၍ မထင်မရှားတပည့်တော်ဖြစ် သည်နှင့်၊ ပိလတ်မင်းထံသို့ဝင်၍ ယေရှု၏အလောင်းတော်ကို ယူသွားမည်အကြောင်းအခွင့်တောင်း၏။ ပိလတ်မင်းအခွင့်ပေးလျှင်၊ ထိုသူသည်သွား၍ ယေရှု၏အလောင်းတော်ကို ယူလေ၏။