Philosophy အကြောင်း ကျမ်းစာအခန်းငယ်များ
အဓိက ကျမ်းစာအခန်းငယ်များ
ငါမူကား ဘုရားသခင်ကို မျှော်လင့်မည်။ ကိုယ်အမှုကို ဘုရားသခင်၌ အပ်မည်။
ဘုရားသခင်သည် ကြီးသောအမှု၊ စစ်၍မကုန်နိုင်သောအမှု၊ ရေတွက်၍မဆုံး၊ အံ့ဩဘွယ်သော အမှု တို့ကို ပြုတော်မူ၏။
မြေပေါ်မှာမိုဃ်းရွာစေသဖြင့် လယ်တို့၌ ရေကိုပေးတော်မူ၏။
ထိုသို့နှိမ့်ချလျက်ရှိသောသူတို့ကို ချီးမြှောက်တော်မူ၏။ ငြိုငြင်သောသူတို့ကိုလည်း ဝမ်းသာစေတော် မူ၏။
ပရိယာယ်ပြုသောသူတို့၏ အမှုကိုမအောင်စေခြင်းငှါ သူတို့အကြံကို ဖျက်တော်မူ၏။
ပညာရှိတို့ကို သူတို့၏ပရိယာယ်အားဖြင့် ဘမ်းဆီးတော်မူ၏။ လှည့်စားတတ်သောသူတို့၏ တိုင်ပင်ခြင်း ကို အချည်းနှီးဖြစ်စေတော်မူ၏။
ထိုသူတို့သည် နေ့အချိန်၌ မှောင်မိုက်ကိုတွေ့၍၊ ညဉ့်အချိန်၌ကဲ့သို့ မွန်းတည့်အချိန်၌ စမ်းသပ်လျက် သွားလာကြ၏။
ထိုသူတို့စီရင်သောထားဘေးမှ၎င်း၊ အားကြီးသောသူတို့၏ လက်မှ၎င်း၊ ဆင်းရဲသားတို့ကို ကယ်နှုတ် တော်မူ၏။
ထိုသို့ ဆင်းရဲသားတို့သည် မြော်လင့်ရာအခွင့် ရှိကြ၏။ အဓမ္မသည်လည်း မိမိနှုတ်ကို ပိတ်ထားရ၏။
အပြစ်နှင့်အလျောက် ဘုရားသခင် စစ်ဆေး တော်မူခြင်းကို ခံရသောသူသည် မင်္ဂလာရှိ၏။ ထိုကြောင့် အနန္တတန်ခိုးရှင် ဆုံးမတော်မူခြင်းကို မထီမဲ့မြင်မပြုပါနှင့်။
ထိုအရှင်သည် အနာကိုဖြစ်စေ၍၊ ထိုအနာကိုလည်း စည်းစေတော်မူ၏။ ဒဏ်ခတ်တော်မူ၍ လက်တော်နှင့် သက်သာစေတော်မူ၏။
သင့်ကိုအမှုခြောက်ပါးထဲက နှုတ်ယူတော်မူ သည်သာမက၊ ခုနစ်ပါးသောအမှု၌လည်း ဘေးတစုံတခုမျှ မထိမခိုက်ရ။
အစာခေါင်းပါးသောအခါ သေဘေးမှ၎င်း၊ စစ်တိုက်သောအခါ ထားဘေးမှ၎င်း၊ သင့်ကို ရွေးနှုတ် တော်မူလိမ့်မည်။
ဘုရားသခင်ကို လျှောက်ရသောစကားဟူမူကား၊ အကျွန်ုပ်ကို အပြစ်စီရင်တော် မမူပါနှင့်။ အကျွန်ုပ်နှင့် ဆန့်ကျင်ဘက်ပြုတော်မူမည်အကြောင်းကို ပြတော်မူပါ။
ကိုယ်တော်သည်ညှဉ်းဆဲတော်မူသင့်သလော။ ကိုယ်တိုင်ဖန်ဆင်းသောအရာကို ရွံရှာ၍၊ လူဆိုးတို့၏ အကြံအစည်ကို ကောင်းကြီးပေးတော်မူသင့်သလော။
ကိုယ်တော်သည် ရူပမျက်စိရှိတော်မူသလော။ လူမြင်သည်နည်း တူမြင်တော်မူသလော။
ကိုယ်တော်၏နေ့ရက်တို့သည် လူနေ့ရက်ကဲ့သို့ ဖြစ်ပါသလော။ ကိုယ်တော်၏နှစ်တို့သည် လူယောက်ျား နေ့ရက်ကဲ့သို့ ဖြစ်ပါသလော။
အကျွန်ုပ်ပြုသော ဒုစရိုက်ကိုစစ်၍ အပြစ်ကို တွေ့ခြင်းငှါ အဘယ်ကြောင့် ရှာတော်မူသနည်း။
အကျွန်ုပ်သည် လူဆိုးမဟုတ်ကြောင်းနှင့် လက်တော်မှ အဘယ်သူမျှမကယ်မနှုတ်နိုင်ကြောင်းကို သိတော်မူ၏။
အကျွန်ုပ်တကိုယ်လုံးကို လက်တော်နှင့်စေ့စပ်စွာ ဖန်ဆင်းတော်မူသည်ဖြစ်၍၊ ယခုဖျက်ဆီးတော်မူမည် လော။
သရွတ်ကိုလုပ်သကဲ့သို့ အကျွန်ုပ်ကိုလုပ်တော်မူကြောင်းကို အောက်မေ့တော်မူပါ။ တဖန်မြေမှုန့် ဖြစ်စေတော်မူမည်လော။
အကျွန်ုပ်ကိုနို့ကဲ့သို့ သွန်းလောင်း၍၊ ဒိန်ခဲကဲ့သို့ ခဲစေတော်မူပြီ မဟုတ်လော။
အရေအသားဖြင့်ဖုံးလွှမ်း၍၊ အရိုးနှင့်အကြော တို့ဖြင့် ခိုင်ခံ့စေတော်မူပြီ။
အသက်ရှင်ရသောအကြောင်းနှင့်တကွ ကျေးဇူးများကိုပြုတော်မူပြီ။ ကြည့်ရှုပြုစုခြင်း ကျေးဇူးတော်သည် လည်း အကျွန်ုပ်၏ဝိညာဉ်ကိုမစပါပြီ။
ယခုရောက်သောအမှုတို့ကိုလည်း၊ နှလုံးတော်၌သိုထား၍ ကြံစည်တော်မူသည်နှင့်အညီ ရောက်ကြောင်း ကို အကျွန်ုပ်သိပါ၏။