Skip to content

Pantomime အကြောင်း ကျမ်းစာအခန်းငယ်များ

12 အခန်းငယ် · 3 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

  1. ထာဝရဘုရားက၊ သင်သည်သွား၍ ခါးစည်း သော လျှော်တေအဝတ်နှင့် ခြေနင်းကိုချွတ်လော့ဟု၊ အာမုတ်သားဟေရှာယကို မိန့်တော်မူသည်အတိုင်း၊ သူ သည် ပြု၍ အဝတ်ကို မဝတ်၊ ခြေနင်းကိုမစီးဘဲ သွားလာ လျက်နေ၏။

  2. ထာဝရဘုရားကလည်း၊ ငါ့ကျွန်ဟေရှာယသည် အဲဂုတ္တုပြည်နှင့် ကုရှပြည်၌ ပုပ္ပနိမိတ်၊ အံ့ဘွယ်သော အရာကိုပြခြင်းငှါ၊ သုံးနှစ်ပတ်လုံး အဝတ်ကိုမဝတ်၊ ခြေနင်းကိုမစီးဘဲ သွားလာသကဲ့သို့၊

  3. တဖန်တုံ၊ အချင်းလူသား၊ အုတ်ပြားကိုယူ၍ သင့်ရှေ့မှာ ထားပြီးလျှင်၊ ယေရုရှလင်မြို့ပုံကို ရေးလော့။

  4. မြို့ကိုဝိုင်း၍မြို့ပြင်၌ တပ်တည်လော့။ မြေရိုး ကိုလည်းဖို့လော့။ တပ်သားတို့ကိုလည်းခင်းကျင်းလော့။ မြို့ပတ်လည်တွင် ဝက်ခွတိုင်တို့၌ တုံးတို့ကိုလည်း ဆွထားလော့။

  5. ထိုမှတပါး၊ သံပြားကိုယူ၍၊ သင်နှင့်မြို့စပ်ကြား မှာ သံရိုးဖြစ်စေခြင်းငှါ ထောင်ပြီးလျှင်၊ မြို့တဘက်၌ သင်၏မျက်နှာကိုထားလော့။ ထိုသို့ ဝိုင်းထားသဖြင့်၊ ထိုမြို့သည်ဝိုင်းထားခြင်းကို ခံရမည်။ ဤသည်ကား ဣသရေလအမျိုးအား နိမိတ်လက္ခဏာဖြစ်လိမ့်မည်။

  6. ထိုမှတပါး၊ သင်သည် လက်ဝဲနံစောင်းဖြင့် အိပ် ၍၊ ဣသရေလအမျိုး၏အပြစ်ကို ထိုနံစောင်း၌ တင်ထား လော့။ ထိုသို့အိပ်ရသော နေ့ရက်အရေအတွက်အတိုင်း သူတို့အပြစ်ကို ခံရမည်။

  7. အကြောင်းမူကား၊ အရက်သုံးရာကိုးဆယ် အရေအတွက်အတိုင်း၊ သူတို့အပြစ်နှင့်ယှဉ်သော နှစ်ပေါင်းကိုသင်၏အပေါ်၌ ငါတင်ထားပြီ။ ထိုသို့ ဣသရေလအမျိုး၏ အပြစ်ကို သင်သည် ခံရမည်။

  8. ထိုနေ့ရက်စေ့ပြီးမှ၊ တဖန်လက်ျာနံစောင်းဖြင့် အိပ်၍၊ အရက်လေးဆယ်ပတ်လုံးယုဒအမျိုး၏ အပြစ်ကို ခံဦးလော့။ နှစ်အစား၌ ရက်ကို ငါထားပြီ။

  9. သင်သည် ယေရုရှလင်မြို့ကို ဝိုင်းထားသည် အမှုမှာ၊ မျက်နှာထား၍ လက်ရုံးကိုဆန့်လျက်၊ မြို့တဘက် ၌ ပရောဖက်ပြုရမည်။

  10. ငါသည် သင့်ကိုချည်နှောင်၍ ဝိုင်းထားခြင်းအမှု ကို ပြုရသော ကာလမစေ့မှီ၊ သင်သည် တဘက်မှ တဘက်သို့ မစောင်းရ။

  11. အချင်းလူသား၊ တုန်လှုပ်လျက်အစာကို စား လော့။ တုန်လှုပ်လျက်၊ သတိပြုလျက် ရေကိုသောက် လော့။

  12. ငါတို့ရှိရာသို့ဝင်သဖြင့်၊ ပေါလု၏ ခါးပန်းကိုယူ၍ မိမိခြေလက် ကိုချည်နှောင်ပြီးလျှင်၊ ဤခါးပန်းရှင်ကို ယုဒလူတို့သည် ယေရုရှလင်မြို့၌ ချည်နှောင်၍၊ တပါး အမျိုးသားတို့လက်သို့အပ်နှံကြလိမ့်မည်ဟု သန့်ရှင်းသော ဝိညာဉ်တော်မိန့်တော်မူသည်ဟုဆို၏။