Mountains အကြောင်း ကျမ်းစာအခန်းငယ်များ: Gilead
Gilead အကြောင်း အခန်းငယ်များ
ထိုသို့မိမိဥစ္စာရှိသမျှပါလျက် ပြေးသွား၍၊ မြစ် တဘက်သို့ အလျင်အမြန်ကူးပြီးလျှင်၊ ဂိလဒ်တောင်ကို ရှေ့ရှုပြုလျက် ခရီးသွားလေ၏။
ထိုအခါ ယာကုပ်သည် မိမိတဲကို ဂိလဒ်တောင် ပေါ်မှာ ဆောက်နှင့်ပြီ။ လာဗန်သည် လိုက်၍မှီသော အခါ၊ မိမိညီအစ်ကိုတို့နှင့်တကွ၊ ထိုတောင်ပေါ်မှာတဲကို ဆောက်လေ၏။
သင်သည် အဆင်းလှပေ၏။ ငါချစ်သောနှမ၊ အလွန်လှပေ၏။ ဗျာပါဆံကြားမှာ ချိုးမျက်စိနှင့် ပြည့်စုံ ၏။ ဆ့ပင်သည်လည်း ဂိလဒ်တောင်ပေါ်မှ ဆင်းလာ သော ဆိတ်စုကဲ့သို့ဖြစ်၏။