အကြောင်းအရာသို့ ကျော်သွားရန်

Mountains အကြောင်း ကျမ်းစာအခန်းငယ်များ: Of the church of God

4 အခန်းငယ် · 82 ရှုထောင့်

Of the church of God အကြောင်း အခန်းငယ်များ

  1. နောက်ဆုံးသော ကာလ၌ ထာဝရဘုရား၏ အိမ်တော်တည်သောတောင်သည် တောင်ကြီးတောင်ငယ် တို့၏ ထိပ်ပေါ်မှာ ချီးမြှောက်၍ တည်လိမ့်မည်။ ခပ်သိမ်း သောလူမျိုးတို့သည် ထိုတောင်သို့ စည်းဝေးကြလိမ့်မည်။

  2. သံ၊ သရွတ်၊ ကြေးဝါ၊ ငွေ၊ ရွှေတို့သည် ကျိုးပဲ့ ကြေမွလျက်၊ နွေကာလ၌ ကောက်နယ်တလင်း အမုန့် ကဲ့သို့ဖြစ်သဖြင့်၊ လေတိုက်လွှင့်၍ သူတို့နေရာမရှိ၊ ပျောက်လေ၏။ ရုပ်တုကို ထိခိုက်သော ကျောက်မူကား၊ တိုးပွားသဖြင့် တောင်ကြီးဖြစ်၍၊ မြေကြီးတပြင်လုံးကို ဖုံးလွှမ်းသည်ဟု မြင်မက်တော်မူ၏။

  3. လက်နှင့်မထုမလုပ်ဘဲ ကျောက်တလုံးသည် တောင်ပေါ်ကအလို လိုပဲ့ကွာ၍၊

  4. သံကြေးဝါ၊ သရွတ်၊ ငွေ၊ ရွှေတို့ကို ချိုးဖဲ့သည်ကို မြင်တော်မူသည် အကြောင်းအရာမှာ၊ ပျက်စီးခြင်းသို့ မရောက်နီုင်သော နိုင်ငံတခုကို ထိုမင်းကြီးများ လက်ထက်၌ ကောင်းကင်ဘုံရှင် ဘုရားသခင်သည် တည်ထောင်စေတော်မူမည်။ ထိုနိုင်ငံသည် အခြားသော လူမျိုးလက်သို့ မရောက်ရဘဲ၊ အထက်ဆိုခဲ့ပြီးသော နိုင်ငံ ရှိသမျှတို့ကို ချိုးဖဲ့ဖျက်ဆီး၍ အစဉ်အမြဲတည်လိမ့်မည်။ ထိုသို့နောက်၌ ဖြစ်လတံ့သောအရာတို့ကို ကြီးမြတ်တော် မူသော ဘုရားသခင်သည် အရှင်မင်းကြီးအား ကြားပြော တော်မူ၏။ အိပ်မက်တော်ရွေ့လျော့ခြင်းမရှိ။ အနက် သည်လည်း မှန်ပါ၏ဟု ဒံယေလသည် အထံတော်၌ လျှောက်ထား၏။