Molech အကြောင်း ကျမ်းစာအခန်းငယ်များ: Children sacrificed to
Children sacrificed to အကြောင်း အခန်းငယ်များ
သင်၏ သားသမီးတို့ကို၊ မောလုတ်ဘုရားအား မီးဖြင့် ပူဇော်ရ။ သင်၏ ဘုရားသခင် နာမတော်ကို မရှုတ်မချရ။ ငါသည် ထာဝရဘုရားဖြစ်၏။
ဣသရေလအမျိုးသားဖြစ်စေ၊ ဣသရေလအမျိုး၌ တည်းနေသော တပါးအမျိုးသားဖြစ်စေ၊ မိမိသားကို မောလုတ်ဘုရားအား ဆက်ကပ်သောသူသည် အသေသတ်ခြင်းကို အမှန်ခံရမည်။ ပြည်သားတို့လည်း ခဲနှင့် ပစ်ရကြမည်။
ငါ့သန့်ရှင်းရာဌာနတော်ကို ညစ်ညူးစေလျက်၊ ငါ့သန့်ရှင်းသော နာမတော်ကို ရှုတ်ချလျက်၊ မိမိ သားကို မောလုတ်ဘုရားအား ဆက်ကပ်သောသူကို၊ ငါသည် မျက်နှာထား၍ သူ၏ အမျိုးမှ ပယ်ရှင်းမည်။
မိမိသားကို မောလုတ်ဘုရားအား ဆက်ကပ်သော သူကို ပြည်သားတို့သည် အမှုမထား မသတ်ဘဲ နေလျှင်၊-
ထိုသို့ နေသောသူနှင့် သူ၏ အိမ်သူအိမ်သားတို့ကို ငါသည် မျက်နှာထား၍ ထိုသူကို၎င်း၊ သူနှင့်အတူ မောလုတ်ဘုရားထံ၍ မှားယွင်းသောသူကို၎င်း၊ သူတို့အမျိုးမှ ပယ်ရှင်းမည်။
ဣသရေလရှင်ဘုရင်တို့ လိုက်သောလမ်းသို့ လိုက်၍၊ ထာဝရဘုရားသည် ဣသရေလ အမျိုးသားတို့ ရှေ့မှ၊ နှင်ထုတ်တော်မူသော တပါးအမျိုးသားတို့၏ ရွံရှာဘွယ် ထုံးစံအတိုင်း၊ မိမိသားကို မီးဖြင့်ပူဇော်၏။
မိမိသားကို မီးဖြင့်ပူဇော်၏။ ကာလဗေဒင်ကို ကြည့်တတ်၏။ ပြုစားသော အတတ်ကို သုံးဆောင်၍ စုန်းနှင့်နတ်ဝင်တို့ကိုလည်း အခွင့်ပေး၏။ ထာဝရဘုရား ၏ အမျက်တော်ကို နှိုးဆော်ခြင်းငှါ ရှေ့တော်၌ များစွာ သော ဒုစရိုက်ကိုပြု၏။
အဘယ်သူမျှ မိမိသားသမီးကို မောလုတ်ဘုရား အား မီးဖြင့် မပူဇော်နိုင်မည်အကြောင်း၊ ဟိန္နုံသား၏ ချိုင့်၌ရှိသော တောဖက်အရပ်ကိုလည်း ညစ်ညှုးစေတော် မူ၏။
ထာဝရဘုရားသည် ဣသရေလအမျိုးသားရှေ့မှ နှင်ထုတ်တော်မူသောတပါးအမျိုးသားတို့၏ ရွံရှာဘွယ် ထုံးစံအတိုင်း၊ ဟိန္နုံသားချိုင့်၌ နံ့သာပေါင်းကိုမီးရှို့၍၊ မိမိသားတို့ကိုလည်း မီးဖြင့်ပူဇော်၏။
စိမ်းသော သစ်ပင်ရှိသမျှ အောက်မှာ ရုပ်တု ဆင်းတု၌ တပ်မက်သောသူ၊ ချိုင့်ထဲ၊ ကျောက်စောင်း အောက်မှာ သူငယ်ကို သတ်သောသူမဟုတ်လော။
ငါမမှာထား၊ ငါအလျှင်းအလိုမရှိသော်လည်း၊ သူတို့သားသမီးများကို မီးရှို့ခြင်းငှါ ဟိန္နုံသား၏ချိုင့်၌ ရှိသော တောဖက်ကုန်းတို့ကို တည်ကြပြီ။
သူတို့သားသမီးတို့ကို မောလုပ်ဘုရားအား ပူဇော်ခြင်းငှါ၊ ဟိန္နုံ သား၏ချိုင့်၌ရှိသော ဗာလဘုရား၏ ကုန်းတို့ကို တည်လုပ်ကြပြီ။ ယုဒအမျိုးအပေါ်သို့ အပြစ် ရောက်စေခြင်းငှါ၊ ထိုမျှလောက် စက်ဆုပ်ရွံရှာဘွယ် သောအမှုကို ငါမမှာထား၊ ငါအလျှင်အလိုမရှိဘဲ ပြုကြပြီ ဟု ထာဝရဘုရား မိန့်တော်မူ၏။
ထိုမှတပါး၊ သင်ဘွားသောငါ၏ သားသမီးတို့ကို ယူ၍၊ ထိုရုပ်တုတို့အား ကျွေးမွေးခြင်းငှါ ယဇ်ပူဇော်လေပြီ။
သင်သည် မတရားသော မေထုန်ကိုပြု၍ စိတ် မပြေသောကြောင့် ငါ၏သားသမီးတို့ကို သတ်၍ရုပ်တုတို့ အား မီးဖြင့်ပူဇော်ရမည်လော။
ငါသည် ထာဝရဘုရားဖြစ်သည်ကို သူတို့သည် သိမည်အကြောင်း၊ သူတို့ကိုဖျက်ဆီးခြင်းငှါ၊ သူတို့သည် သားဦးအပေါင်းတို့ကို မီးဖြင့် ပူဇော်ရာတွင်၊ သူတို့ပူဇော် သက္ကာများအားဖြင့် ငါညစ်ညူးစေ၏။
ပူဇော်သက္ကာပြုသဖြင့်၎င်း၊ ကိုယ်သားတို့ကို မီးဖြင့် ပူဇော်သဖြင့်၎င်း၊ ယနေ့တိုင်အောင် ရုပ်တု အပေါင်းတို့နှင့် ညစ်ညူးလျက်ရှိကြစဉ်တွင်၊ ငါသည် သင်တို့ မေးလျှောက်ခြင်းကို ခံရမည်လော။ ငါအသက် ရှင်သည်အတိုင်း သင်တို့မေးလျှောက်ခြင်းကို ငါမခံ။
အကြောင်းမူကား၊ သူတို့သည် မျောက်မထား ကြပြီ။ လူအသက်ကို သတ်သောအပြစ်ရှိကြ၏။ ရုပ်တုတို့နှင့် ပင် မျောက်မထားကြပြီ။ ငါ့အဘို့ ဘွားမြင်သောသား တို့ကိုပင် ရုပ်တုစားစရာဘို့ မီးဖြင့်ပူဇော်ကြပြီ။
ကိုယ်သားသမီးတို့ကိုရုပ်တုရှေ့တွင်သတ်ပြီးမှ၊ ထိုနေ့ခြင်းတွင်ငါ၏ သန့်ရှင်းရာဌာနကို ညစ်ညူးစေခြင်းငှါ လာကြ၏။ ထိုသို့ ငါ့အိမ်တော်အလယ်၌ ပြုကြပြီတကား။