အကြောင်းအရာသို့ ကျော်သွားရန်

Miraculous Gifts of the Holy Spirit အကြောင်း ကျမ်းစာအခန်းငယ်များ: Foretold

5 အခန်းငယ် · 17 ရှုထောင့်

"Miraculous Gifts of the Holy Spirit" ကို ရှာဖွေရန်

Foretold အကြောင်း အခန်းငယ်များ

  1. အားယူကြလော့၊ မစိုးရိမ်ကြနှင့်ဟု ကြောက် တတ်သော သူတို့အား ဆိုကြလော့။ အကြောင်းမူကား၊ သင်တို့၏ ဘုရားသခင်သည် အပြစ်ပေးလျက်၊ ဒဏ်စီ ရင်လျက်ကြွလာတော်မူလိမ့်မည်။ ဘုရားသခင်သည် ကိုယ်တော်တိုင် ကြွလာ၍၊ သင်တို့ကို ကယ်တင်တော်မူ လိမ့်မည်။

  2. ထိုအခါ မျက်စိကန်းသောသူတို့သည် မျက်စိပွင့် လင်းကြလိမ့်မည်။ နားပင်းသောသူတို့သည် နားပင်းခြင်း နှင့် လွတ်ကြလိမ့်မည်။

  3. ခြေဆွံ့သောသူတို့သည် ဒရယ်ကဲ့သို့ ခုန်ကြလိမ့် မည်။ စကားအသောသူတို့သည် သီချင်းဆိုကြလိမ့်မည်။ အကြောင်းမူကား၊ တော၌စမ်းရေထွက်၍၊ လွင်ပြင်၌မြစ် ရေစီးလိမ့်မည်။

  4. ထိုနောက်မှ လူမျိုးတကာတို့ အပေါ်သို့ ငါ၏ ဝိညာဉ်တော်ကို ငါသွန်းလောင်းမည်။ သင်တို့၏ သားသမီးတို့သည် ပရောဖက်ဉာဏ်နှင့် ဟောပြောရကြ လိမ့်မည်။ အသက်ကြီးသောသူတို့သည် နိမိတ်အိပ်မက် တို့ကို မြင်မက်ရကြလိမ့်မည်။ အသက်ငယ်သော သူတို့ သည်လည်း ဗျာဒိတ်ရူပါရုံတို့ကို မြင်ရကြလိမ့်မည်။

  5. ငါ၏အမှုကို ဆောင်ရွက်သော ယောက်ျားမိန်းမ တို့အပေါ်သို့ ငါ၏ဝိညာဉ်တော်ကို ငါသွန်းလောင်း၍၊ သူတို့သည် ပရောဖက်ဉာဏ်နှင့် ဟောပြောရကြလိမ့်မည်။