Skip to content

Labor အကြောင်း ကျမ်းစာအခန်းငယ်များ

29 အခန်းငယ် · 1 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ခြောက်ရက်ပတ်လုံး အလုပ်မျိုးကို ကြိုးစား၍ လုပ်ဆောင်လော့။

  2. သတ္တမနေ့ရက်သည် သင်၏ဘုရားသခင် ထာဝရဘုရား၏ ဥပုသ်နေ့ဖြစ်၏။ ထိုနေ့၌ သင်မှစ၍ သင်၏သားသမီး၊ ကျွန်ယောက်ျား မိန်းမ၊ တိရစ္ဆာန်၊ သင်၏ တံခါးအတွင်း၌နေသော ဧည့်သည်အာဂန္တုသည် အလုပ်မလုပ်ရ။

  3. အကြောင်းမူကား၊ ထာဝရဘုရားသည် မိုဃ်းကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာ၊ အရပ်ရပ်၌ရှိသမျှတို့ကို ခြောက်ရက်တွင် ဖန်ဆင်း၍ သတ္တမနေ့ရက်၌ ငြိမ်ဝပ်စွာနေတော်မူ၏။ ထိုကြောင့် ထာဝရဘုရားသည် သတ္တမနေ့ရက်ကို ကောင်းကြီးပေး၍ သန့်ရှင်းစေတော်မူ၏။

  4. အမျိုးသားချင်းဖြစ်စေ၊ သင့်နေရာမြို့ရွာတို့၌ တည်းခိုသော တပါးအမျိုးသားဖြစ်စေ၊ ဆင်းရဲငတ်မွတ် သောသူငှားကို မညှဉ်းဆဲရ။

  5. နေ့စဉ်မပြတ် သူ့အခကို ပေးရမည်။ မပေးဘဲ နေမဝင်စေနှင့်။ သူသည် ဆင်းရဲသောကြောင့် ရထိုက် သော အခကိုလည်း စိတ်စွဲလမ်းလျက် ရှိလိမ့်မည်။ မပေးဘဲနေလျှင် သူသည် သင့်ကို အပြစ်တင်၍ ထာဝရ ဘုရားကို အော်ဟစ်သဖြင့် သင်၌ အပြစ်ရောက်မည်ဟု စိုးရိမ်စရာရှိ၏။

  6. ဥပမာကား၊ ကောင်းကင်နိုင်ငံတော်သည် စပျစ်ဥယျာဉ်ကို လုပ်ဆောင်သောသူတို့ကို ငှါးခြင်းငှါ နံနက် စောစောထွက်သွားသော အိမ်ရှင်နှင့်တူ၏။

  7. ထိုသူသည် တနေ့လျှင် ဒေနာရိတပြားစီပေးမည်ဟူ၍ လုပ်ဆောင်သောသူတို့နှင့် ဝန်ခံပြီးမှ စပျစ် ဥယျာဉ်သို့ စေလွှတ်လေ၏။

  8. နံနက်တချက်တီးအချိန်၌ ထွက်ပြန်လျှင်၊ အခြားသောသူတို့သည် အလုပ်ကိုမလုပ်၊ ဈေး၌ရပ်နေသည် ကို မြင်၍၊

  9. သင်တို့လည်း ငါ့စပျစ်ဥယျာဉ်သို့သွားကြ။ တော်လျော်စွာ ငါပေးမည်ဟုဆိုလျှင် ထိုသူတို့သည် သွားကြ ၏။

  10. တဖန် နှစ်ချက်တီးအချိန်၊ တဖန် သုံးချက်တီးအချိန်၌ ထွက်၌ရှေ့နည်းအတူပြုလေ၏။

  11. ဆယ်တနာရီအချိန်၌လည်း ထွက်ပြန်လျှင် အခြားသောသူတို့သည် အလုပ်ကိုမလုပ်၊ ရပ်နေသည်ကို တွေ့၍၊ သင်တို့သည် တနေ့လုံးအလုပ်ကိုမလုပ်ဘဲ ဤအရပ်၌ အဘယ်ကြောင့်နေကြသနည်းဟုမေးသော်၊

  12. ထိုသူတို့က၊ ကျွန်တော်တို့ကိုအဘယ်သူမျှ မငှါးပါဟု ပြောဆိုကြလျှင်၊ သင်တို့လည်း ငါ့စပျစ်ဥယျာဉ်သို့ သွားကြသော် လျော်စွာရကြလိမ့်မည်ဟု ဆိုလေ၏။

  13. ညအချိန် ရောက်သောအခါ စပျစ်ဥယျာဉ်ရှင်က လုပ်ဆောင်သော သူတို့ကိုခေါ်ခဲ့လော့။ နောက်ဝင် သောသူမှစ၍ အရင်အဦးဝင်သောသူတိုင်အောင် အခကိုပေးလော့ဟု မိမိစာရေးကိုမှာလိုက်လေ၏။

  14. ထို့ကြောင့် ဆယ်တနာရီအချိန်၌ ဝင်သောသူတို့သည်လာ၍ ဒေနာရိတပြားစီ ခံကြ၏။

  15. အရင်ဝင်သောသူတို့သည် လာကြသောအခါ ငါတို့သည်သာ၍ရမည်ဟု စိတ်ထဲမှာထင်မှတ်သော် လည်း ဒေနာရိတပြားစီ ခံရကြ၏။

  16. ထိုသို့ခံပြီးလျှင် အိမ်ရှင်ကို ကဲ့ရဲ့ပြစ်တင်၍၊

  17. နောက်ဝင်သောသူတို့သည် တနာရီခန့်မျှသာ လုပ်ဆောင်သော်လည်း၊ တနေ့လုံးအမှုဝန်ကို ထမ်းရွက် ၍ နေပူဆင်းရဲခံရသော အကျွန်ုပ်တို့နှင့်အညီအမျှ ကိုယ်တော်စီရင်ပါပြီတကားဟု ဆိုကြ၏။

  18. အိမ်ရှင်ကလည်းအဆွေ၊ သင်၌ မတရားသောအမှုကိုငါမပြု။ ဒေနာရိတပြားကိုအမှတ်ပြု၍ သင်သည် ငါနှင့်ဝန်ခံသည်မဟုတ်လော။

  19. သင်၏ဥစ္စာကို ယူ၍သွားလော့။ နောက်ဝင်သောသူတို့အား သင်နှင့်အညီအမျှပေးခြင်းငှါ ငါအလိုရှိ၏။

  20. ငါသည် ကိုယ်ဥစ္စာကို ပြုလိုသမျှမပြုရာသလော။ ငါ့သဘောကောင်းသောကြောင့် သင်သည် မျက်မုန်း ကြိုးရသလောဟု ဆိုလေ၏။

  21. ပြင်ပလူတို့ရှေ့၌ လျောက်ပတ်စွာကျင့်၍ အဘယ်မျှ မလိုရအောင်၊

  22. ငါတို့သည် အထက်က မှာထားသည်နှင့်အညီ ငြိမ်ဝပ်စွာနေ၍၊ ကိုယ်အမှုကို ဆောင်ရွက်လျက်၊ ကိုယ်လက်နှင့် လုပ်ဆောင်ခြင်းငှါ စေတနာစိတ်နှင့် ကြိုးစားအားထုတ်မည်အကြောင်းကို၊ ငါတို့သည် တိုက်တွန်း သွေးဆောင်ကြ၏။

  23. အကြောင်းမူကား၊ ငါတို့ပေးသော ပုံသက်သေကိုလိုက်၍ သင်တို့သည် အဘယ်သို့ကျင့်ရမည်ဟု သင်တို့ ကိုယ်တိုင်သိကြ၏။ ငါတို့သည် သင်တို့တွင် မတရားစွာ ပြုကြသည်မဟုတ်။

  24. အဘယ်သူ၏ အစာကိုမျှအလိုအလျောက် မစား။ သင်တို့တွင် တယောက်ကိုမျှ မနှောင့်ရှက်ခြင်းငှါ၊ ပင်ပန်းစွာ ကြိုးစားအားထုတ်၍ နေ့ညဉ့်မပြတ်လုပ်ဆောင်ကြ၏။

  25. ထိုသို့ပြုသော်လည်း၊ မခံမယူပိုင်သောကြောင့် ပြုသည်မဟုတ်။ သင်တို့လိုက်စရာဘို့ ပုံသက်သေဖြစ် စေခြင်းငှါပြုကြ၏။