Kirjath-Jearim အကြောင်း ကျမ်းစာအခန်းငယ်များ: Ark remains twenty years at
Ark remains twenty years at အကြောင်း အခန်းငယ်များ
ကိရယတ်ယာရိမ်မြို့သားတို့သည် လာ၍ ထာဝရဘုရား၏ သေတ္တာတော်ကို ဆောင်သွားသဖြင့်၊ တောင်ပေါ်မှာရှိသော အမိနဒပ်အိမ်၌ ထား၍ သေတ္တာတော်ကို စောင့်စေခြင်းငှါ၊ သူ၏သား ဧလာဇာကို သန့်ရှင်းစေကြ၏။
သေတ္တာတော်သည် အနှစ်နှစ်ဆယ်ပတ်လုံး ကြာမြင့်စွာ ကိရယတ်ယာရိမ်မြို့၌ ရှိစဉ်အခါ၊ ဣသရေလ အမျိုးသား အပေါင်းတို့သည် ထာဝရဘုရားကို အောက်မေ့၍ မြည်တမ်းကြ၏။
ထိုသို့ဒါဝိဒ်သည် ဘုရားသခင်၏ သေတ္တာတော် ကို၊ ကိရယတ်ယာရိမ်မြို့မှ ဆောင်ခဲ့ခြင်းငှါ အဲဂုတ္တုပြည် အနား၊ ရှိဟောရမြစ်မှစ၍ ဟာမတ်မြို့လမ်းဝတိုင်အောင် နေသောဣသရေလ အမျိုးသားအပေါင်းတို့ကို စုဝေး စေပြီးလျှင်၊
ခေရုဗိမ်ကြားမှာ ကျိန်းဝပ်တော်မူသော ထာဝရ ဘုရား၏နာမတော်နှင့်ဆိုင်သော ဘုရားသခင်၏ သေတ္တာတော်ကို ဆောင်ခဲ့ခြင်းငှါ၊ ဣသရေလ အမျိုးသား အပေါင်းတို့နှင့်တကွ၊ ယုဒပြည်ကိရယတ်ယာရိမ် မြို့တည်းဟူသော ဗာလာမြို့သို့ သွားလေ၏။