အကြောင်းအရာသို့ ကျော်သွားရန်

Good Works အကြောင်း ကျမ်းစာအခန်းငယ်များ: In the judgment, will be an evidence of faith

14 အခန်းငယ် · 42 ရှုထောင့်

In the judgment, will be an evidence of faith အကြောင်း အခန်းငယ်များ

  1. ထိုအခါ လက်ျာတော်ဘက်၌ရှိသော သူတို့အား မင်းကြီးက၊ ငါ့ခမည်းတော်ထံ ကောင်းကြီးမင်္ဂလာကို ခံသောသူတို့၊ ကမ္ဘာဦးကပင် သင်တို့အဘို့ ပြင်ဆင်သောနိုင်ငံကို လာ၍ အမွေခံကြလော့။

  2. အကြောင်းမူကား၊ ငါသည် မွတ်သိပ်သောအခါ သင်တို့သည် ကျွေးကြ၏။ ငါသည် ရေငတ်သောအခါ သင်တို့သည် သောက်ဘို့ပေးကြ၏။ ငါသည် ဧည့်သည်ဖြစ်သောအခါ သင်တို့သည် ဧည့်သည်ဖြစ်သောအခါ သင်တို့သည် ဧည့်သည်ဝတ်ကို ပြုကြ၏။

  3. ငါသည် အဝတ်အချည်းစည်းရှိသောအခါ သင်တို့သည် အဝတ်နှင့်ဖုံးလွှမ်းကြ၏။ ငါသည် အနာ ရောဂါ စွဲသောအခါ သင်တို့သည်ကြည့်ရှုပြုစုကြ၏။ ငါသည် ထောင်ထဲမှာနေရသောအခါ သင်တို့သည် ငါ့ထံသို့လာကြ၏ဟု မိန့်တော်မူလျှင်၊

  4. ဖြောင့်မတ်သောသူတို့က၊ သခင်၊ ကိုယ်တော်သည် မွတ်သိပ်တော်မူသည်ကို အဘယ်အခါ၌ အကျွန်ုပ် တို့သည်မြင်၍ ကိုယ်တော်ကို လုပ်ကျွေးပါသနည်း။ ရေငတ်တော်မူသည်ကို အဘယ်အခါ၌ အကျွန်ုပ်တို့သည် မြင်၍ ကိုယ်တော်ကို သောက်ဘို့ပေးပါသနည်း။

  5. ဧည့်သည်ဖြစ်တော်မူသည်ကို အဘယ်အခါ၌ အကျွန်ုပ်တို့သည်မြင်၍ ဧည့်သည်ဝတ်ကို ကိုယ်တော် အား ပြုပါသနည်း။ အဝတ်အချည်းစည်းရှိတော်မူသည်ကို အဘယ်အခါ၌ အကျွန်ုပ်တို့သည်မြင်၍ ကိုယ်တော် ကို အဝတ်နှင့်ဖုံးလွှမ်းပါသနည်း။

  6. အနာစွဲတော်မူသည်ကို၎င်း၊ ထောင်ထဲမှာ နေတော်မူသည်ကို၎င်း၊ အဘယ်အခါ၌ အကျွန်ုပ်တို့သည် မြင်၍ အထံတော်သို့ ရောက်ပါသနည်းဟု ပြန်၍လျှောက်ကြသော်၊

  7. မင်းကြီးက၊ ငါအမှန်ဆိုသည်ကား၊ သင်တို့သည် ဤသူတည်းဟူသော ငါ့ညီတို့တွင် အငယ်ဆုံးသော သူတယောက်အား ပြုကြသမျှတို့ကို ငါ့အား ပြုကြပြီဟု ပြန်၍မိန့်တော်မူလတံ့။

  8. ငါ့ညီအစ်ကိုတို့၊ တစုံတယောက်သောသူက၊ ငါသည်ယုံကြည်ခြင်းရှိ၏ဟုပြောလျက်၊ အကျင့်ကို မကျင့် ဘဲနေလျှင် အဘယ်အကျိုးရှိသနည်း။ ထိုယုံကြည်ခြင်းသည် ထိုသူကို ကယ်တင်နိုင်သလော။

  9. ညီအစ်ကိုနှမတို့သည် အဝတ်အချည်းစည်းရှိ၍၊ နေ့တိုင်းစားရသောအစာမရှိသောအခါ၊

  10. သင်တို့တွင် တစုံတယောက်သောသူက၊ ငြိမ်ဝပ်စွာသွားကြလော့။ နွေးကြလော့။ ဝကြလော့ဟု ပြောလျက်၊ သူတို့ကိုယ်နှင့်တော်လျော်သော အသုံးအဆောင်ကို မပေးဘဲနေလျှင် အဘယ်အကျိုးရှိသနည်း။

  11. ထိုနည်းတူ၊ အကျင့်နှင့်ကင်းသော ယုံကြည်ခြင်းသည် တပါးတည်းရှိသောကြောင့် အသေဖြစ်၏။

  12. တနည်းကား၊ သင်သည်ယုံကြည်ခြင်းရှိ၏။ ငါသည်အကျင့်ရှိ၏။ သို့ဖြစ်၍ သင်သည်အကျင့်မရှိဘဲ သင်၏ယုံကြည်ခြင်းကို ပြလော့။ ငါမူကား၊ အကျင့်အားဖြင့် ငါ၏ယုံကြည်ခြင်းကို ပြမည်ဟုပြောစရာရှိ၏။

  13. ဘုရားသခင်တဆူတည်းရှိသည်ဟု သင်သည်ယုံ၏။ ကောင်းပေ၏။ နတ်ဆိုးတို့သည် ယုံ၍ ကြောက်ရွံ့ တုန်လှုပ်ကြ၏။

  14. လျှပ်ပေါ်သောလူ၊ အကျင့်နှင့်ကင်းသော ယုံကြည်ခြင်းသည် အသေဖြစ်သည်ကို သိချင်သလော။