Good Works အကြောင်း ကျမ်းစာအခန်းငယ်များ: Christ, an example of
Christ, an example of အကြောင်း အခန်းငယ်များ
ယေရှုကလည်း၊ ငါသည် ငါ့ခမည်းတော်၏အခွင့်နှင့် ကောင်းသောအမှုအများတို့ကို သင်တို့အားပြပြီ။ ထိုအမှုတို့တွင် အဘယ်မည်သောအမှုကြောင့် ငါ့ကို ခဲနှင့်ပစ်ကြမည်နည်းဟု မေးတော်မူလျှင်၊
ထိုအကြောင်းအရာဟူမူကား၊ ဘုရားသခင်သည် သန့်ရှင်းသော ဝိညာဉ်တော်နှင့်၎င်း၊ တန်ခိုးတော်နှင့်၎င်း၊ နာဇရက်မြို့သား ယေရှုကို ဘိသိက်ပေးတော်မူသဖြင့်၊ ထိုသူသည် ဘုရားသခင်၏ အခွင့်တော်နှင့် ကျေးဇူးပြုလျက်၊ မာရ်နတ်ညှဉ်းဆဲသော သူအပေါင်းတို့အား ချမ်းသာကို ပေးလျက် လှည့်လည်တော်မူ၏။