Skip to content

Figurative Highways အကြောင်း ကျမ်းစာအခန်းငယ်များ

7 အခန်းငယ် · 1 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

  1. ထိုအရပ်၌ လမ်းမကြီး ရှိလိမ့်မည်။ ထိုလမ်းကို သန့်ရှင်းရာလမ်းဟု သမုတ်ကြလိမ့်မည်။ မစင်ကြယ် သောသူသည် ထိုလမ်းကို မရှောက်မသွားရ။ သွားသော သူတို့နှင့်အတူ ကိုယ်တော်တိုင်ခရီးသွားလျက် ရှိတော်မူ သည်ဖြစ်၍၊ မိုက်သောသူသော်လည်း လမ်းမလွဲရ။

  2. ထိုလမ်း၌ ခြင်္သေ့မရှိရ။ သားရဲတကောင်မျှ မ တက်မလာရ။ ရှာ၍ မတွေ့ရ။ ရွေးနှုတ်သောသူတို့သာ လျှင် ခရီးသွားကြလိမ့်မည်။

  3. ထာဝရဘုရား ကယ်လွှတ်တော်မူသောသူတို့ သည် ပြန်လာ၍၊ သီချင်းဆိုလျက်၊ ထာဝရဝမ်းမြောက် ခြင်း သရဖူကို ဆောင်းလျက်၊ဇိအုန်မြို့သို့ ရောက်ကြလိမ့် မည်။ ဝမ်းမြောက်ရွှင်လန်းခြင်း အခွင့်ကို ရကြ၍၊ဝမ်း မြောက်ခြင်းနှင့် ညည်းတွားခြင်းသည် ပြေးသွားရလိမ့် မည်။

  4. တော၌ ဟစ်ကြော်သော သူ၏အသံမှာ၊ ထာဝရ ဘုရားကြွတော်မူရာ လမ်းကို ပြင်ကြလော့။ ငါတို့ ဘုရား သခင်၏ လမ်းခရီးတော်ကို လွင်ပြင်၌ ဖြောင့်စေကြ လော့။

  5. ချိုင့်ဝှမ်းရာ ရှိသမျှတို့ကို ဖို့ရမည်။ တောင်ကြီး တောင်ငယ်ရှိသမျှတို့ကို ဖြိုရမည်။ ကောက်သော လမ်း များကို ဖြောင့်စေရမည်။ ကြမ်းတမ်းသော လမ်းများကို လည်း သုတ်သင်ပြင်ဆင်ရမည်။

  6. ကျဉ်းသောတံခါးကိုဝင်ကြလော့။ ပျက်စီးခြင်းသို့ ရောက်သောလမ်းနှင့်တံခါးသည် ကျယ်ဝန်းသည် ဖြစ်၍ ဝင်သောသူတို့သည်များကြ၏။

  7. အသက်ရှင်ခြင်းသို့ ရောက်သောလမ်းနှင့် တံခါးသည် အလွန်ကျဉ်းမြောင်းသည်ဖြစ်၍၊ တွေ့ဝင်သော သူတို့သည် နည်းကြ၏။