အကြောင်းအရာသို့ ကျော်သွားရန်

Epistles အကြောင်း ကျမ်းစာအခန်းငယ်များ: Of John

27 အခန်းငယ် · 3 ရှုထောင့်

Of John အကြောင်း အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. အသက်ကြီးသူသည် မြတ်သောသခင်မကို၎င်း၊ သားသမီးတို့ကို၎င်းကြားလိုက်ပါ၏။ ငါတို့၌တည်၍ ငါတို့တွင် အစဉ်မပြတ်ရှိလတံ့သော သမ္မာတရားကြောင့်၊

  2. ငါမှစ၍ သမ္မာတရားကို သိသောသူအပေါင်း တို့သည်၊ သခင်မနှင့် သားသမီးတို့၌ မှန်ကန်သောချစ်ခြင်းမေတ္တာရှိပါ၏။

  3. ခမည်းတော်ဘုရားထံတော်က၎င်း၊ ခမည်းတော်၏သားတော်ယေရှုခရစ်အထံက၎င်း၊ သမ္မာတရား၊ မေတ္တာတရားနှင့်တကွ၊ ကျေးဇူး၊ ကရုဏာ၊ ငြိမ်သက်ခြင်းသည် သင်တို့၌ရှိပါစေသော။

  4. ငါတို့သည် ခမည်းတော်ဘုရားထံ၌ ပညတ်တော်ကို ခံရသည်အတိုင်း၊ သင်၏သားသမီးအချို့တို့သည် သမ္မာတရား၌ ကျင်လည်၍ နေသည်ကို ငါတွေ့သောအခါ၊ အလွန်ဝမ်းမြောက်ခြင်းရှိ၏။

  5. ယခုတွင်ပညတ်တော်သစ်ကို မရေးဘဲလျက်၊ ငါတို့၌ရှေ့ဦးစွာကပင်ရှိသော ပညတ်တော်ကိုရေးထား၍၊ သခင်မ၊ အချင်းချင်းချစ်ခြင်း မေတ္တာရှိကြကုန်အံ့ဟု ငါတောင်းပန်၏။

  6. ပညတ်တော်တို့အတိုင်း ကျင့်စောင့်ခြင်းအရာသည် ချစ်ရာရောက်၏။ သင်တို့သည် ပညတ်တော်နှင့် အညီကျင့်မည်အကြောင်း၊ ရှေ့ဦးစွာကပင်သင်တို့ ကြားရသည်အတိုင်း၊ ပညတ်တော်သည်ထိုသို့သော သဘောရှိ၏။

  7. လူဇာတိအားဖြင့် ကြွလာတော်မူသော ယေရှုခရစ်ကို ငြင်းပယ်လျက်၊ လှည့်ဖြားသော သူအများ တို့သည် လောကထဲသို့ဝင်ကြပြီ။ ထိုသို့သောသူသည် လှည့်ဖြားသောသူဖြစ်၏။ အန္တိခရစ်လည်းဖြစ်၏။

  8. ငါတို့သည် ကိုယ်ပြုစုသောအရာမပျောက်မပျက်၊ စုံလင်သောအကျိုးကို ရမည်အကြောင်း၊ သင်တို့သည် ကိုယ်ကိုကိုယ်သတိပြု၍ စောင့်ရှောက်ကြလော့။

  9. ခရစ်တော်၏ဒေသနာ၌ မတည်ဘဲ လွန်ကျူးသောသူမည်သည်ကား၊ ဘုရားသခင်ကိုမသိ။ ခရစ်တော် ၏ ဒေသနာ၌ တည်သောသူသည် ခမည်းတော်နှင့် သားတော်ကိုသိ၏။

  10. ထိုဒေသနာတော်မပါသောသူသည် သင်တို့ထံသို့လာလျှင်၊ သူ့ကိုသင့်အိမ်၌ လက်မခံနှင့်။ မင်္ဂလာရှိစေ သောဟု နှုတ်မဆက်နှင့်။

  11. မင်္ဂလာရှိစေသောဟု ထိုသူကိုနှုတ်ဆက်လျှင်၊ သူ၏ဆိုးယုတ်သောအကျင့်တို့နှင့် ဆက်ဆံရာသို့ ရောက်၏။

  12. သင်တို့အား ငါရေးစရာအကြောင်း အများရှိသော်လည်း၊ စက္ကူပေါ်၌မှင်နှင့်ရေးခြင်းငှါ အလိုမရှိ၊ သင်တို့ဆီသို့ ငါလာ၍၊ အချင်းချင်း အားရဝမ်းမြောက်ခြင်းစုံလင်မည်အကြောင်း၊ သင်တို့နှင့် နှုတ်ဆက်၍ စကားပြောမည်ဟုမြော်လင့်လျက်နေ၏။

  13. သင်၏မြတ်သောညီမ၏ သားသမီးတို့သည် သင့်ကိုနှုတ်ဆက် ကြ၏။ ရှင်ယောဟန်ဩဝါဒစာဒုတိယစောင်ပြီး၏။

  14. အသက်ကြီးသူသည်ချစ်အပ်သောဂါယုကိုကြားလိုက်၏။ ငါသည်သင်၌မှန်ကန်သောချစ်ခြင်း မေတ္တာရှိ၏။

  15. အချင်းချစ်သူ၊ သင်၏စိတ်နှလုံးသည် ကောင်းစားသကဲ့သို့၊ သင်သည်အရာရာ၌ကောင်းစားခြင်းနှင့် ကျန်းမာခြင်းရှိမည်အကြောင်း ငါဆုတောင်း၏။

  16. သင်သည်သမ္မာတရား၌ ကျင်လည်သည်အတိုင်း သင်၌ရှိသောသမ္မာတရား၏အကြောင်းကို ညီအစ်ကို တို့သည်လာ၍ သက်သေခံကြသောအခါ၊ ငါသည် အလွန်ဝမ်းမြောက်ခြင်းရှိ၏။

  17. ငါ၏သားသမီးတို့သည် သမ္မာတရား၌ ကျင်လည်သည်ကို ငါကြား၍ ဝမ်းမြောက်ခြင်းထက် သာ၍ ဝမ်းမြောက်ခြင်းမရှိ။

  18. အချင်းချစ်သူ၊ သင်သည်ညီအစ်ကိုတို့အား၎င်း၊ အာဂန္တုတို့အား၎င်း ပြုသမျှသောဝတ်တို့ကို သစ္စာနှင့် အညီ ပြုတတ်၏။

  19. ထိုသူတို့သည် သင်၏ချစ်ခြင်းမေတ္တာအကြောင်းကို အသင်းတော်ရှေ့၌ သက်သေခံကြ၏။ သင်သည်ထိုသူတို့ကို ဘုရားသခင်၏ အလိုတော်နှင့်အညီ ပို့လိုက်ပြန်လျှင်၊ ကောင်းသောအမှုကိုပြုလိမ့်မည်။

  20. အကြောင်းမူကား၊ ထိုသူတို့သည် နာမတော်ကိုထောက်၍၊ သာသနာပလူတို့တွင် အလှူမခံဘဲသွားကြ၏။

  21. ငါတို့သည် သမ္မာတရားကို ကူမသောသူ ဖြစ်အံ့သောငှါ၊ ထိုသို့သောသူတို့အား ဧည့်သည်ဝတ်ကို ပြုအပ်ကြ၏။

  22. အသင်းတော်ထံသို့မှာစာကို ငါရေး၍ ပေးလိုက်လေပြီ။ သို့သော်လည်း၊ အကဲအမှူးလုပ်ချင်သော ဒယောတရပ်သည် ငါတို့အားအခွင့်မပေး။

  23. ထိုကြောင့်၊ ငါလာသောအခါ သူသည် မိမိပြုသောအမှုကို မိမိသတိရစေခြင်းငှါ ငါပြုမည်။ ထိုသူ သည်၊ ငြူစူသောစကားနှင့် ငါတို့ကို ကဲ့ရဲ့သည်သာမက၊ ကဲ့ရဲ့ခြင်းနှင့် စိတ်မပြေဘဲလျက်၊ ညီအစ်ကိုတို့ကို ကိုယ်တိုင်လက်မခံ၊ လက်ခံချင်သောသူတို့ကိုလည်း မြစ်တား၍၊ အသင်းတော်ထဲကနှင်ထုတ်တတ်၏။

  24. အချင်းချစ်သူ၊ မကောင်းသောနည်းကို မလိုက်နှင့်၊ ကောင်းသောနည်းကိုသာလိုက်လော့။ ကောင်းသောအကျင့်ကို ကျင့်သောသူသည် ဘုရားသခင်နှင့် စပ်ဆိုင်၏။ မကောင်းသောအကျင့်ကို ကျင့်သောသူမူကား၊ ဘုရားသခင်ကို မသိမမြင်ရပြီ။

  25. လူအပေါင်းတို့သည် ဒေမေတရိ၏ သက်သေဖြစ်ကြ၏။ သမ္မာတရားသည်လည်း သူ၏ သက်သေ ဖြစ်၏။ ငါတို့သည်လည်း ထိုသူဘက်၌ သက်သေခံကြ၏။ ငါတို့၏ သက်သေခံခြင်းသည် ဟုတ်မှန်သည်ကို သင်တို့ သိကြ၏။