Skip to content

Edrei အကြောင်း ကျမ်းစာအခန်းငယ်များ

6 အခန်းငယ် · 2 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

  1. တဖန် ဣသရေလအမျိုးသားတို့သည် လှည့်၍၊ ဗာရှန်ပြည်သို့ ခရီးသွားကြ၏။ ဗာရှန်ရှင်ဘုရင်ဩဃ သည်၊ မိမိလူအပေါင်းတို့နှင့် ဧဒြိအရပ်မှာ စစ်တိုက်ခြင်းငှါ ချီသွား၏။

  2. ထာဝရဘုရားကလည်း၊ သူ့ကို မကြောက်နှင့်။ သူနှင့်တကွ သူ၏လူအပေါင်းကို၎င်း၊ သူ၏မြေကို၎င်း၊ သင့်လက်၌ ငါအပ်ပေးပြီ။ ဟေရှဘုန်မြို့နေ အာမောရိ ရှင်ဘုရင်ရှိဟုန်ကို ပြုသကဲ့သို့၊ ဤမင်းကိုလည်း ပြုရမည် ဟု မောရှေအား မိန့်တော်မူသည်အတိုင်း၊

  3. ထိုမင်းနှင့်သားများ၊ လူများအပေါင်းတို့ကို တယောက်မျှ မကြွင်းလုပ်ကြံ၍ သူ၏ပြည်ကို သိမ်းယူ ကြ၏။

  4. ထိုအခါ ငါတို့သည်လှည့်၍၊ ဗာရှန်ပြည်သို့ ခရီးသွားကြ၏။ ဗာရှန်ရှင် ဘုရင် ဩဃသည်လည်း မိမိလူအပေါင်းတို့နှင့်တကွ ဧဒြိအရပ်မှာ စစ်တိုက်ခြင်းငှါ ချီလာ၏။

  5. ထာဝရဘုရားကလည်း၊ သူ့ကိုမကြောက်နှင့်။ သူနှင့်တကွ သူ၏ လူအပေါင်းတို့ကို၎င်း၊ သူ့မြေကို၎င်း၊ သင့်လက်၌ ငါအပ်ပေးမည်။ ဟေရှဘုန်မြို့နေ အာမောရိ ရှင်ဘုရင် ရှိဟုန်ကို ပြုသကဲ့သို့ ဤမင်းကိုလည်း ပြုရ မည်ဟု ငါ့အား မိန့်တော်မူ၏။

  6. ထိုသို့ ငါတို့ဘုရားသခင် ထာဝရဘုရားသည်၊ ဗာရှန်ရှင်ဘုရင် ဩဃနှင့် သူ၏လူအပေါင်းတို့ကို ငါတို့လက်၌ အပ်တော်မူသဖြင့်၊ တယောက်မျှ မကြွင်း စေခြင်းငှါ လုပ်ကြံကြ၏။