Skip to content

Cyrus အကြောင်း ကျမ်းစာအခန်းငယ်များ: Prophecies concerning

12 အခန်းငယ် · 2 ရှုထောင့်

Prophecies concerning အကြောင်း အခန်းငယ်များ

  1. ကြည့်ရှုလော့။ ငွေကိုပမာဏမပြု၊ ရွှေကိုအ လိုမရှိသော မေဒိလူများကို သူတို့တဘက်၌ ငါနှိုးဆော် မည်။

  2. သူတို့သည် လူပျိုတို့ကို လေးနှင့်ရိုက်ခတ်ကြလိမ့် မည်။ အကလေးတို့ကို မသနားကြ။ သူတို့မျက်စိသည် သူငယ်တို့ကို မနှမြောရ။

  3. တိုင်းနိုင်ငံတို့၏ အထွဋ်၊ ခါလဒဲ အမျိုးသားတို့၏ ဘုန်းအသရေဖြစ်သော ဗာဗုလုန်မြို့သည် ဘုရားသခင် ဖျက်ဆီးတော်မူသော သောဒုံမြို့နှင့် ဂေါမောရမြို့ကဲ့သို့ ဖြစ်လိမ့်မည်။

  4. ထိုမြို့၌ ကာလအစဉ်၊ လူမျိုးအဆက်ဆက် အဘယ်သူမျှ မနေရ။ ထိုမြို့၌ အာရပ်လူသည် တဲကိုမျှ မဆောက်ရ။ သိုးထိန်းတို့သည် သိုးခြံကိုမျှ မလုပ်ရကြ။

  5. တောသားရဲတို့သည် ထိုမြို့၌ အိပ်ကြလိမ့်မည်။ အိမ်တို့သည် မြည်တတ်သော တိရစ္ဆာန်များနှင့် အပြည့် ရှိကြလိမ့်မည်။ ကုလားအုပ်ငှက်တို့လည်း နေရာကျ၍၊ မျောက်တို့လည်း ကခုန်ကြလိမ့်မည်။

  6. တောခွေးတို့သည်လည်း၊ ဘုံဗိမာန်များ၌၎င်း၊ မြေခွေးတို့သည်လည်း၊ ကြက်သရေတိုက်များ၌၎င်း၊အူကြ၊ မြည်ကြလိမ့်မည်။ ထိုသို့သော ကာလနီးလှပြီ။ ထိုမြို့၏ အသက် တာမရှည်ရ။

  7. အကြင်သူ၏ရှေ့မှာ အပြည်ပြည်တို့ကို နှိမ့်ချ၍၊ ရှင်ဘုရင်တို့ကို တန်ဆာချွတ်လျက်၊ အတွင်းတံခါးတို့ကို မပိတ်ရဘဲ၊ နှစ်ရွက်ရှိသော တံခါးတို့ကို ဖွင့်ခြင်းငှါ၊ အကြင်သူ၏ လက်ျာလက်ကို ငါထောက်မ၏။ ထိုသူ တည်းဟူသော ကုရုမင်း၊ ထာဝရဘုရား ပေးတော်မူ၍ ဘိသိက်ခံသောမင်းအား မိန့်တော်မူသည်ကား၊

  8. သင့်ရှေ့မှာ ငါသွား၍ မြင့်သောအရပ်ကို ညီစေ မည်။ ကြေးဝါတံခါးတို့ကို ချိုး၍၊ သံကန့်လန့်တို့ကို အပိုင်းပိုင်းဖြတ်မည်။

  9. မှောင်မိုက်၌ရှိသော ဘဏ္ဍာ၊ လုံခြုံစွာ ဝှက်ထား သော ဥစ္စာတို့ကို သင့်အား ငါပေးမည်။ သို့ဖြစ်၍၊ ငါသည် သင့်ကို နာမည်ဖြင့် ခေါ်သော ဣသရေလအမျိုး၏ ဘုရားသခင်၊ ထာဝရဘုရား ဖြစ်တော်မူကြောင်းကို သင်သိရလိမ့်မည်။

  10. ငါ့ကျွန်ယာကုပ်၊ ငါရွေးကောက်သောသူ ဣသ ရေလအတွက် ၊ ငါသည် သင့်ကို နာမည်ဖြင့် ခေါ်၏။သင်သည် ငါ့ကို မသိသော်လည်း၊ သင်၌ နာမည်သစ်ကို ထပ်၍ပေး၏။

  11. ရှိသမျှသော သင်တို့၊ စည်းဝေး၍ နားထောင် ကြလော့။ ဤအမှုအရာတို့ကို သင်တို့တွင် အဘယ်သူ သည် ရှေးမဆွက ဟောနှင့်သနည်း။ ထာဝရဘုရား ချစ် တော်မူသော သူသည် ဗာဗုလုန်မြို့၌ အလိုတော်ကို ပြည့်စုံ စေမည်။ သူ၏ လက်သည်လည်း၊ ခါလဒဲလူတို့အပေါ်သို့ ရောက်လိမ့်မည်။

  12. ငါ့ကိုယ်တိုင် အမိန့်တော်ရှိပြီ။ အကယ်စင်စစ် သူ့ကို ငါခေါ်ပြီ။ ငါဆောင်ခဲ့ပြီ။ သူသွားသောလမ်း၌ မင်္ဂလာရှိရလိမ့်မည်။