အကြောင်းအရာသို့ ကျော်သွားရန်

Communion of Saints အကြောင်း ကျမ်းစာအခန်းငယ်များ

16 အခန်းငယ် · 22 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

  1. ညီအစ်ကိုတို့သည် သဘောတူလျက်ပေါင်းဘော် ကြသည်အရာမှာ အလွန်ကောင်းပေ၏။ အလွန်တင့် တယ်လျောက်ပတ်ပေ၏။

  2. အာရုံ၏ ခေါင်းပေါ်မှာ လောင်းလျက်၊ သူ၏ မုတ်ဆိတ်သို့စီး၍၊ လည်စွပ်တိုင်အောင် ကျသောနံ့သာဆီ ကဲ့သို့ ဖြစ်၏။

  3. ဟေရမုန်တောင်နှင့် ဇိအုန်တောင်ရိုးပေါ်သို့ ကျသော နှင်းကဲ့သို့ ဖြစ်၏။ ထိုသို့နေကြသော အရပ်၌၊ ထာဝရဘုရားသည် အစဉ်အမြဲ အသက်ရှင်ခြင်းအခွင့် တည်းဟူသော ကောင်းကြီးမင်္ဂလာကို စီရင်တော်မူ၏။

  4. ပေါလုဆိုပြီးလျှင်၊ ဒူးထောက်၍ ထိုသူအပေါင်း တို့နှင့်တကွ ဆုတောင်းလေ၏။

  5. ထိုသူအပေါင်းတို့သည် အလွန်ငိုကြွေး၍၊ ပေါလု၏ လည်ပင်းကို ဘက်ယမ်းလျက် သူ့ကိုနမ်းကြ၏။

  6. နောက်တဖန် သူ၏မျက်နှာကို မမြင်ရဟူသော စကားကြောင့် သာ၍ ကြေကွဲသောစိတ်နှင့် ပေါလုကို သင်္ဘောသို့ ပို့လိုက်ကြ၏။

  7. မယုံကြည်သောသူတို့နှင့်တွဲဖက်၍ ဆန့်ကျင်ဘက်ဖြစ်သော ထမ်းဘိုးကို မထမ်းကြနှင့်။ တရားသော အမှုသည် မတရားသောအမှုကို အဘယ်သို့ လက်ခံနိုင်မည်နည်း။ အလင်းသည်မှောင်မိုက်နှင့် အဘယ်သို့ ဆက်ဆံနိုင်မည်နည်း။

  8. ခရစ်တော်သည်ဗေလျာလနှင့် အဘယ်သို့ သင့်တင့်နိုင်မည်နည်း။ ယုံကြည်သောသူသည် မယုံကြည် သောသူနှင့်အတူ အဘယ် အကျိုးအပြစ်ကို ခံရမည်နည်း။

  9. ဘုရားသခင်၏ဗိမာန်တော်သည် ရုပ်တုတို့နှင့် အဘယ်သို့ စပ်ဆိုင်ရမည်နည်း။ ဘုရားသခင်မိန့်တော်မူ သည်ကား၊ သူတို့တွင်ငါကျိန်းဝပ်မည်။ သူတို့တွင်လှည့်လည်၍ သူတို့၏ဘုရားသခင်ဖြစ်မည်။ သူတို့သည်လည်း ငါ၏လူဖြစ်ကြလိမ့်မည်ဟု မိန့်တော်မူသည်နှင့်အညီ၊ သင်တို့သည် အသက်ရှင်တော်မူသော ဘုရားသခင်၏ ဗိမာန်တော်ဖြစ်ကြ၏။

  10. ထိုကြောင့်၊ ထာဝရဘုရားမိန့်တော်မူပြန်သည်ကား၊ သင်တို့သည်ထိုသူတို့အထဲမှထွက်၍ အသီးအခြား နေကြလော့။ မစင်ကြယ်သောအရာကိုလက်နှင့်မျှ မတို့ကြနှင့်။ ထိုသို့ပြုလျှင် သင်တို့ကိုငါသည် လက်ခံမည်။

  11. ခေါ်တော်မူခြင်းကျေးဇူးတော်ကို သင်တို့သည် ခံရသည်နှင့် အထိုက်အလျောက် ကျင့်ဆောင်မည် အကြောင်း၊ သခင်ဘုရားအတွက်ကြောင့် အကျဉ်းခံရသော ငါသည် သင်တို့ကို တိုက်တွန်းနှိုးဆော်ပါ၏။

  12. အရာရာ၌ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်းနှင့် ပြည့်စုံသဖြင့်၊ မေတ္တာစိတ်နှင့် တယောက်ကို တယောက်သည်းခံခြင်းရှိကြ၍၊

  13. အသင့်အတင့် ပေါင်းဘော်ခြင်း အဖွဲ့အစည်းအားဖြင့်၊ သင်တို့သည် အချင်းချင်း စိတ်သဘော မခြား မနားတလုံးတဝတည်းဖြစ်အံ့သောငှါ ကြိုးစားအားထုတ်ကြလော့။

  14. သင်တို့သည် ဇိအုန်တောင်သို့၎င်း၊ အသက်ရှင်တော်မူသော ဘုရားသခင်၏ မြို့တော်တည်းဟူသော ကောင်းကင်ယေရုရှလင်မြို့သို့၎င်း၊ အတိုင်းမသိ များစွာသော ကောင်းကင်တမန်တို့၏ စည်းဝေးခြင်းသို့၎င်း၊

  15. ကောင်းကင်စာရင်း၌ဝင်သော သားဦးတို့၏ အသင်းတော်သို့၎င်း၊ ခပ်သိမ်းသောသူတို့ကို တရားစီရင် တော်မူသော ဘုရားသခင်အထံတော်သို့၎င်း၊ စုံလင်ခြင်းသို့ရောက်သောသူတော်ကောင်းတို့၏ စိတ်ဝိညာဉ်တို့ ထံသို့၎င်း၊

  16. ပဋိညာဉ်တရားသစ်၏ အာမခံတည်းဟူသော ယေရှုထံတော်သို့၎င်း၊ အာဗေလ၏ အသွေးပြောဆိုသောအရာထက်သာ၍ မြတ်သောအရာကို ပြောဆိုသော ဖြန်းဆွတ်ခြင်း၏ အသွေးထံသို့၎င်း ရောက်ကြ၏။