အကြောင်းအရာသို့ ကျော်သွားရန်

Betrayal အကြောင်း ကျမ်းစာအခန်းငယ်များ

31 အခန်းငယ် · 4 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ထိုအခါ စာတန်သည် တပည့်တော်တကျိပ်နှစ်ပါးအဝင်ဖြစ်သော ယုဒရှကာရုတ်အထဲသို့ဝင်သည် ဖြစ်၍၊

  2. ထိုသူသည် ယဇ်ပုရောဟိတ်အကြီးများ၊ ဗိမာန်တော်မှူးများတို့ထံသို့ သွားပြီးလျှင်၊ ယေရှုကို အဘယ် သို့ အပ်ရမည်နည်းဟူ၍ တိုင်ပင်လေ၏။

  3. ထိုသူတို့သည် ဝမ်းမြောက်သောစိတ်ရှိ၍ ငွေပေးမည်ဟု ဝန်ခံကြ၏။

  4. ယုဒရှကာရုတ်သည်လည်း ဝန်ခံပြီးမှ လူများမရှိစဉ်တွင် ကိုယ်တော်ကို အပ်ခြင်းငှါ အဆင်သင့်သော အချိန်ကာလကို ကြံလျက်နေ၏။

  5. ထိုသို့ မိန့်တော်မူစဉ်တွင်ပင် တပည့်တော်တကျိပ်နှစ်ပါးအဝင်ဖြစ်သော ယုဒရှကာရုတ်သည် လူ အပေါင်းတို့ကို လမ်းပြလျက်လာ၍၊ ယေရှုကို နမ်းခြင်းငှါ ချဉ်းကပ်လေ၏။

  6. ယေရှုကလည်း၊ ယုဒါ သင်သည် နမ်းခြင်းကို ပြုလျက် လူသားကိုအပ်သလောဟု မေးတော်မူ၏။