Skip to content

Atonement အကြောင်း ကျမ်းစာအခန်းငယ်များ

166 အခန်းငယ် · 2 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ယဇ်ပုရောဟိတ်သည် ထာဝရဘုရားရှေ့တော်၌ ပူဇော်၍၊ ထိုမိန်းမအဘို့ အပြစ်ဖြေခြင်းကို ပြုသဖြင့်၊ သူသည် အသွေးသွန်ခြင်းအပြစ်မှ သန့်ရှင်းရလိမ့်မည်။

  2. သိုးသငယ်ကို မတတ်နိုင်လျှင် ခိုနှစ်ကောင်ဖြစ်စေ၊ ချိုးကလေးနှစ်ကောင်ဖြစ်စေ၊ မီးရှို့ရာယဇ်ဘို့ တကောင်၊ အပြစ်ဖြေရာယဇ်ဘို့တကောင်ကို ဆောင်ခဲ့၍၊ ယဇ်ပုရောဟိတ်သည် သူ့အဘို့ အပြစ်ဖြေခြင်းကို ပြုသဖြင့်၊ သူသည် သန့်ရှင်းရလိမ့်မည်။ ဤရွေ့ကား၊ သားယောက်ျား၊ သားမိန်းမ ကိုး ဘွားမြင်သော အမိနှင့် ဆိုင်သောတရားဖြစ်သတည်းဟု မိန့်တော်မူ၏။

  3. သိုးသငယ်အထီးတကောင်ကို ယူပြီးလျှင် ဒုစရိုက်ဖြေရာယဇ်ဘို့ ပူဇော်၍၊ ထာဝရဘုရားရှေ့တော် ၌ ချီလွှဲသော ပူဇော်သက္ကာဘို့ ဆီတလောဃနှင့်တကွ ချီလွှဲရမည်။

  4. ထိုသိုးသငယ်ကို အပြစ်ဖြေရာ ယဇ်ကောင်၊ မီးရှို့ရာယဇ်ကောင်ကို သတ်ရာအရပ်၊ သန့်ရှင်းရာဌာန ၌ သတ်ရမည်။ အကြောင်းမူကား၊ အပြစ်ဖြေရာ ယဇ်ကောင်ကို၊ ယဇ်ပုရောဟိတ် ယူပိုင်သကဲ့သို့ ဒုစရိုက်ဖြေရာယဇ်ကောင်ကို ယူပိုင်၏။ အလွန်သန့်ရှင်းပေ၏။

  5. ယဇ်ပုရောဟိတ်သည် ဒုစရိုက်အပြစ်ဖြေရာ ယဇ်ကောင်အသွေးကိုယူ၍ စင်ကြယ်စေရသောသူ၏ လက်ျာနားပျဉ်း၌၎င်း၊ လက်ျာလက်မ၊ လက်ျာခြေမ၌၎င်း၊ ထည့်ရမည်။

  6. ဆီအချို့ကိုလည်း ယူ၍၊ မိမိလက်ဝဲလက်ဝါး၌ လောင်းပြီးလျှင်၊-

  7. ထိုဆီကို မိမိလက်ျာလက်ညှိုးနှင့် တို့ယူ၍ ထာဝရဘုရားရှေ့တော်၌ ခုနစ်ကြိမ်တိုင်အောင် ဖြန်းရမည်။

  8. မိမိလက်၌ ကြွင်းသောဆီကို စင်ကြယ်စေရသော သူ၏ လက်ျာနားပျဉ်း၌၎င်း၊ လက်ျာလက်မ၊ လက်ျာခြေမ၌၎င်းရှိသော ဒုစရိုက်ဖြေရာ ယဇ်ကောင်အသွေးအပေါ်မှာ ထည့်ရမည်။

  9. မိမိလက်၌ ကြွင်းသေးသောဆီကို၊ စင်ကြယ်စေရသော သူ၏ခေါင်းပေါ်မှာ လောင်း၍ ထိုအဘို့ အပြစ်ဖြေခြင်းကို ထာဝရဘုရားရှေ့တော်၌ ပြုရမည်။

  10. ထိုမှတပါး၊ စင်ကြယ်စေရသော သူအဘို့ အပြစ်ဖြေခြင်းငှါ၊ အပြစ်ဖြေရာယဇ်ကို ပူဇော်၍၊ နောက် တဖန် မီးရှို့ရာယဇ်ကောင်ကို သတ်ရမည်။

  11. မီးရှို့ရာယဇ်ကောင်နှင့် ဘောဇဉ်ပူဇော်သက္ကာကို ယဇ်ပလ္လင်ပေါ်မှာ ပူဇော်သဖြင့် ထိုလူအဘို့ အပြစ်ဖြေခြင်းကို ပြု၍ သူသည်သန့်ရှင်းရ၏။

  12. ထိုသူသည် ဆင်းရဲ၍ ဤမျှလောက်မတတ်နိုင်လျှင်၊ ချီလွှဲ၍ မိမိအပြစ်ဖြေခြင်းကို ပြုစရာဘို့၊ ဒုစရိုက်ဖြေရာယဇ် သိုးငယ်တကောင်ကို၎င်း၊ ဘောဇဉ်ပူဇော်သက္ကာဘို့ ဆီရောသော မုန့်ညက်တဩ မဲနှင့် ဆီတလောဃကို၎င်း၊-

  13. တတ်နိုင်သမျှအတိုင်း၊ ခိုနှစ်ကောင်၊ သို့မဟုတ် ချိုးကလေးနှစ်ကောင်၊ အပြစ်ဖြေရာ ယဇ်ဘို့တကောင်၊ မီးရှို့ရာယဇ်ဘို့တကောင်ကို၎င်း ယူ၍၊

  14. မိမိစင်ကြယ်ခြင်းအလိုငှါ၊ ထာဝရဘုရားရှေ့တော်တွင် ပရိသတ်စည်းဝေးရာ တဲတော်တံခါးနား၊ ယဇ်ပုရောဟိတ်ထံသို့၊ အဋ္ဌမနေ့၌ ဆောင်ခဲ့ပြီးမှ၊-

  15. ယဇ်ပုရောဟိတ်သည် ဒုစရိုက်အပြစ်ဖြေရာ ယဇ်သိုးသငယ်နှင့်ဆီတလောဃကို ယူ၍ ထာဝရဘုရား ရှေ့တော်၌ ချီလွှဲရာ၊ ပူဇော်သက္ကာဘို့ ချီလွှဲရမည်။

  16. ထိုသိုးသငယ်ကို သတ်ပြီးလျှင်၊ အသွေးကိုယူ၍ စင်ကြယ်စေရသောသူ၏ လက်ျာနားပျဉ်း၌၎င်း၊ လက်ျာလက်မ၊ လက်ျာခြေမ၌၎င်း ထည့်ရမည်။

  17. ဆီအချို့ကိုလည်း မိမိလက်ဝဲလက်ဝါး၌ လောင်းပြီးလျှင်၊-

  18. ထိုဆီကို မိမိလက်ျာလက်ညှိုးနှင့် ထာဝရဘုရားရှေ့တော်၌ ခုနစ်ကြိမ်တိုင်အောင် ဖြန်းရမည်။

  19. မိမိလက်၌ ကြွင်းသောဆီကို စင်ကြယ်စေရသောသူ၏ လက်ျာနားပျဉ်း၌၎င်း၊ လက်ျာလက်မ၊ လက်ျာ ခြေမ၌၎င်း ရှိသော ဒုစရိုက်ဖြေရာ ယဇ်ကောင်အသွေးပေါ်မှာထည့်၍၊

  20. မိမိ၌ကြွင်းသေးသောဆီကို ထိုလူခေါင်းအပေါ်မှာ လောင်း၍၊ သူ့အဘို့ အပြစ်ဖြေခြင်းကို ထာဝရဘုရား ရှေ့တော်၌ ပြုရမည်။

  21. ထိုသူသည် တတ်နိုင်သမျှအတိုင်း ခိုနှစ်ကောင်ဖြစ်စေ၊ ချိုးကလေးနှစ်ကောင်ဖြစ်စေ၊-

  22. အပြစ်ဖြေရာယဇ်ဘို့ တကောင်၊ ဘောဇဉ်ပူဇော်သက္ကာနှင့်တကွ မီးရှို့ရာယဇ်ဘို့တကောင်ကို ဆောင်ခဲ့၍၊ ယဇ်ပုရောဟိတ်သည် ပူဇော်လျက်၊ ထိုသူအဘို့ အပြစ်ဖြေခြင်းကို ထာဝရဘုရား ရှေ့တော်၌ ပြုရမည်။

  23. ဤရွေ့ကား၊ နူနာစွဲ၍ မိမိစင်ကြယ်စေ မိမိစင်ကြယ်စေခြင်းငှါ မတတ်နိုင်အောင် ဆင်းရဲသောသူနှင့် ဆိုင်သော တရားဖြစ်သတည်းဟု မိန့်တော်မူ၏။

  24. လွတ်လပ်လဟာအဘို့ စာရေးတံကျသော ဆိတ်ကို၊ အသက်ရှင်လျက် ထာဝရဘုရားရှေ့တော်၌ ဆက်၍၊ သူ့အပေါ်မှာ အပြစ်ဖြေခြင်းကို ပြုပြီးလျှင်၊ တော၌ လွတ်လပ်လဟာသို့ လွှတ်လိုက်ရမည်။

  25. အာရုန်သည် မိမိနှင့်ဆိုင်သော အပြစ်ဖြေရာယဇ်နွားကို ဆောင်ခဲ့ပြီးလျှင်၊ မိမိအဘို့နှင့် မိမိအိမ်သူ အိမ်သားများအဘို့ အပြစ်ဖြေခြင်းကို ပြု၍၊ မိမိနှင့်ဆိုင်သော အပြစ်ဖြေရာယဇ်နွားကို သတ်ရမည်။