Ambassadors အကြောင်း ကျမ်းစာအခန်းငယ်များ: Ben-Hadad to Ahab
Ben-Hadad to Ahab အကြောင်း အခန်းငယ်များ
သံတမန်တို့ကို ဣသရေလရှင်ဘုရင် အာဟပ် ထံ၊ မြို့ထဲသို့ စေလွှတ်၍၊ ဗင်္ဟာဒဒ်၏အမိန့်တော်ကား၊
သင့်ရွှေငွေသည် ငါ့ဥစ္စာဖြစ်၏။ သင့်သားမယား အကောင်းဆုံးတို့ကိုလည်း ငါပိုင်၏ဟု မှာလိုက်သတည်း။
ဣသရေလရှင်ဘုရင်က အရှင်မင်းကြီး၊ အမိန့်တော်အတိုင်း ငါနှင့်ငါ့ဥစ္စာရှိသမျှသည် ကိုယ်တော်၏ ဥစ္စာဖြစ်ပါသည်ဟု ပြန်ပြော၏။
သံတမန်တို့သည် တဖန်လာ၍ ဗင်္ဟာဒဒ်၏ အမိန့်တော်ကား၊ သင်ပိုင်သော ရွှေငွေသားမယားတို့ကို ငါ၌အပ်ရမည်ဟု ငါမှာလိုက်သည် အမှုမှာ၊
နက်ဖြန်နေ့ယခုအချိန်ရောက်သောအခါ ငါ့ကျွန်တို့ကို ငါစေလွှတ်မည်။ သူတို့သည် သင်နေသော အိမ်နှင့် သင့်ကျွန်နေသော အိမ်တို့ကိုစစ်၍ အလိုရှိသမျှ တို့ကို ယူစေရမည်ဟု မှာလိုက်သတည်း။