Altar အကြောင်း ကျမ်းစာအခန်းငယ်များ: In Solomon's temple
In Solomon's temple အကြောင်း အခန်းငယ်များ
ထိုသို့ ထာဝရဘုရား၏ ပဋိညာဉ် သေတ္တာတော် ကို တင်ထားရန်၊ အိမ်တော်အတွင်း၌ ဗျာဒိတ်ဌာနတော် ကို ပြင်ဆင်လေ၏။
ဗျာဒိတ်ဌာနတော်အခန်းသည် အလျား အတောင်နှစ်ဆယ်၊ အနံအတောင်နှစ်ဆယ်၊ အမြင့် အတောင်နှစ်ဆယ်ရှိ၏။ ထိုအခန်းကို၎င်း၊ အာရဇ် သစ်သားနှင့်လုပ်သော ယဇ်ပလ္လင်ကို၎င်း၊ ရွှေစင်နှင့် မွမ်းမံလေ၏။
ရှောလမုန်သည်လည်း ထာဝရဘုရား၏ အိမ်တော်နှင့် ဆိုင်သမျှသော တန်ဆာများတည်းဟူသော ရွှေယဇ်ပလ္လင်၊ ရှေ့တော်မုန့်တင်စရာ ရွှေစားပွဲ၊
နံ့သာပေါင်းမီးရှို့ရာ ယဇ်ပလ္လင်အဘို့ ရွှေစင်ကို ၎င်း၊ အတောင်တို့ကို ဖြန့်၍ ထာဝရဘုရား၏ ပဋိညာဉ် သေတ္တာတော်ကို လွှမ်းမိုးသော ခေရုဗိမ်ရထားတော်ပုံ အဘို့ရွှေကို၎င်း၊ ချိန်၍အပ်တော်မူ၏။