Afflicted Saints အကြောင်း ကျမ်းစာအခန်းငယ်များ: Should turn and devote themselves to God
Should turn and devote themselves to God အကြောင်း အခန်းငယ်များ
အိုငါ့ဝိညာဉ်၊ သင်၏ငြိမ်ဝပ်ရာသို့ ပြန်လော့။ ထာဝရ ဘုရားသည် သင်၌ကျေးဇူးပြုတော်မူပြီ။
ကိုယ်တော်သည် အကျွန်ုပ်အသက်ကို သေခြင်း မှ၎င်း၊ အကျွန်ုပ်မျက်စိကို မျက်ရည်ကျခြင်းမှ၎င်း၊ အကျွန်ုပ်ခြေကိုလည်း ထိမိ၍လဲခြင်းမှ၎င်း ကယ်လွှတ်တော်မူပြီ။
သို့ဖြစ်၍၊ အသက်ရှင်သောသူတို့၏ နေရာတွင်၊ ထာဝရဘုရားရှေ့တော်၌ ငါကျင့်၍ နေရ၏။
လူတမျိုးသည် မြောက်မျက်နှာမှလာ၍ ဗာဗု လုန်ပြည်ကို သုတ်သင်ပယ်ရှင်းလိမ့်မည်။ နေသော သူမရှိရ။ လူနှင့်တိရစ္ဆာန်တို့သည်။ အကုန်အစင် ထွက်သွားကြလိမ့်မည်။
ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုကာလ အခါ ဣသရေလအမျိုးသား တို့သည် ယုဒအမျိုးသား တို့နှင့် ပေါင်းဘက်၍လာကြလိမ့်မည်။ မျက်ရည်ကျလျက်၊ ခရီးသွားလျက်၊ သူတို့၏ဘုရားသခင်ထာဝရဘုရားကို သွား၍ ရှာကြလိမ့်မည်။
လာကြ။ ထာဝရဘုရားထံတော်သို့ ပြန်ကြ ကုန်အံ့။ ကိုယ်တော်သည် ကိုက်ဖြတ်သော်လည်း ပကတိ ဖြစ်စေတော်မူမည်။ ဒဏ်ခတ်သော်လည်း အနာကို စည်းတော်မူမည်။