Afflicted Saints အကြောင်း ကျမ်းစာအခန်းငယ်များ: God is with
God is with အကြောင်း အခန်းငယ်များ
ထိုမြို့သည် ဘုရားသခင်ကျိန်းဝပ်တော်မူရာ ဖြစ်၍ တုန်လှုပ်ခြင်း မရှိရာ။ မိုဃ်းသောက်လင်းစ၌ ဘုရားသခင်ကူမတော်မူလိမ့်မည်။
ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားသည် ငါတို့နှင့်အတူရှိတော်မူ၏။ ယာကုပ်အမျိုး၏ ဘုရားသခင် သည် ငါတို့ ခိုလှုံရာဖြစ်တော်မူ၏။
သင်သည် ရေကို ရှောက်သွားသောအခါ၊ သင်နှင့်အတူ ငါရှိ၏။ မြစ်တို့ကို ရှောက်သွားသောအခါ၊ မနစ်မမွန်းရ။ မီးကို ချင်းနင်းသောအခါလည်း မလောင် ရ။ မီးလျှံလည်း မညိရ။