အကြောင်းအရာသို့ ကျော်သွားရန်

Abijam အကြောင်း ကျမ်းစာအခန်းငယ်များ: History of

9 အခန်းငယ် · 3 ရှုထောင့်

"Abijam" ကို ရှာဖွေရန်

History of အကြောင်း အခန်းငယ်များ

  1. နေဗတ်၏သား ယေရောဗောင်မင်းကြီး နန်းစံ တဆယ်ရှစ်နှစ်တွင်၊ အဘိယသည် ယေရုရှလင်မြို့၌ မင်းပြု၍၊ ယုဒပြည်ကို သုံးနှစ်စိုးစံ၏။ မယ်တော်ကား၊ အဘရှလုံ၏ သမီးမာခါ အမည်ရှိ၏။

  2. နေဗတ်၏သား ယေရောဗောင်မင်းကြီး နန်းစံ တဆယ်ရှစ်နှစ်တွင်၊ အဘိယသည် ယေရုရှလင်မြို့၌ မင်းပြု၍၊ ယုဒပြည်ကို သုံးနှစ်စိုးစံ၏။ မယ်တော်ကား၊ အဘရှလုံ၏ သမီးမာခါ အမည်ရှိ၏။

  3. ခမည်းတော်ပြုသော ဒုစရိုက်ကို ပြုမြဲပြု၍၊ ဘေးတော်ဒါဝိဒ်ကဲ့သို့ မိမိဘုရားသခင် ထာဝရဘုရား ရှေ့တော်၌ စိတ်နှလုံးစုံလင်သည်မဟုတ်။

  4. သို့သော်လည်း ဒါဝိဒ်၏မျက်နှာကိုထောက်၍၊ သူ၏ဘုရားသခင် ထာဝရဘုရားသည် ဆွေတော်မျိုးတော် ကို ချီးမြှောက်၍၊ ယေရုရှလင်မြို့ကို တည်စေသဖြင့်၊ ထိုမြို့ ၌ ဒါဝိဒ်၏မီးခွက်ကို ထွန်းလင်းစေတော်မူ၏။

  5. အကြောင်းမူကား၊ ဒါဝိဒ်သည် ဟိတ္တိအမျိုး ဥရိယအမှုကိုထားလျှင်၊ တသက်လုံးထာဝရဘုရားမှာ ထားတော်မူသော အမှုတစုံတခုကိုမျှ မရှောင်၊ ရှေ့တော်၌ တရားသဖြင့် ကျင့်သောအကြောင်းတည်း။

  6. ရောဗောင်သား အဘိယနှင့် ယေရောဗောင်တို့သည် အသက်ရှည်သမျှ ကာလပတ်လုံး ရန်ဘက်ပြုကြ၏။

  7. အဘိယပြုမူသောအမှုအရာ ကြွင်းသမျှတို့သည် ယုဒရာဇဝင် ၌ ရေးထားလျက်ရှိ၏။

  8. အဘိယသည်ဘိုးဘေးတို့နှင့် အိပ်ပျော်၍ ဒါဝိဒ် မြို့၌ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သားတော်အာသသည် ခမည်းတော်အရာ၌ နန်းထိုင်၏။

  9. မာခါ၏ သားအဘိယကို ရှင်ဘုရင်အရာ၌ ခန့် ထားမည်အကြံရှိ၍၊ ညီအစ်ကိုတို့တွင်၊ အကြီးဆုံးဖြစ်စေ ခြင်းငှါ ချီးမြှောက်လေ၏။