အကြောင်းအရာသို့ ကျော်သွားရန်

circa 6 BC – AD 30

The Life of Jesus

The eternal Son of God enters history: born in Bethlehem, baptized in the Jordan, crucified at Golgotha, raised on the third day.

3,779 အခန်းငယ် · 4 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ရှင်မာကုခရစ်ဝင် 7:7ခရစ်နှစ် 32 ခန့်

    လူတို့စီရင်သော ပညတ်တို့ကို သွန်သင်၍ နည်းဥပဒေပေးလျက်ပင်၊ ငါ့ကို အချည်းနှီးကိုးကွယ် ကြ၏ဟု၊ နောက်ဖြစ်လတံ့သောအရာကို လျောက်ပတ်စွာ ဟောခဲ့ပြီ။

  2. ရှင်မာကုခရစ်ဝင် 7:8ခရစ်နှစ် 32 ခန့်

    အကြောင်းမူကား၊ သင်တို့သည် ဘုရားသခင်၏ ပညတ်တော်ကို ပယ်၍ ခွက်ဖလားဆေးခြင်းတည်းဟူ သော လူတို့မှ ဆက်ခံသောနည်းဥပဒေသကို ခံယူလျှက်၊ ထိုသို့သော အခြားအကျင့်အလေ့များတို့ကို ကျင့်လေ့ ရှိကြ၏။

  3. ရှင်မာကုခရစ်ဝင် 7:9ခရစ်နှစ် 32 ခန့်

    သင်တို့သည် အဆက်ဆက်ခံသော နည်းဥပဒေသကိုကျင့်ရသော အခွင့်ရှိစေခြင်းငှါ၊ ဘုရားသခင်၏ ပညတ်တော်ကို လျောက်ပတ်စွာ ပယ်ကြသည်တကား။

  4. ရှင်မာကုခရစ်ဝင် 7:10ခရစ်နှစ် 32 ခန့်

    မောရှေ၏ ပညတ်ကား၊ မိဘကို ရိုသေစွာပြုလော့။ အကြင်သူသည် မိဘကို နှုတ်ဖြင့်ပြစ်မှား၏၊ ထိုသူ သည် အသေသတ်ခြင်းကို ခံစေဟု လာသတည်း။

  5. ရှင်မာကုခရစ်ဝင် 7:11ခရစ်နှစ် 32 ခန့်

    သင်တို့မူကား၊ အကြင်သူသည် ကိုယ်မိဘကို သင်တို့အသုံးရနိုင်သမျှသော ငါ၏ဥစ္စာသည် အလှူဝတ္ထု တည်းဟူသော ကော်ဘန်ဖြစ်စေဟုဆို၏။

  6. ရှင်မာကုခရစ်ဝင် 7:12ခရစ်နှစ် 32 ခန့်

    ထိုသူသည် မိဘဝတ်ကို အလျှင်းမပြုရဟု မြစ်တား၍၊

  7. ရှင်မာကုခရစ်ဝင် 7:13ခရစ်နှစ် 32 ခန့်

    မိမိတို့အဆက်ဆက်ခံသော နည်းဥပဒေသအားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုပယ်ကြ၏။ ထိုသို့သောအကျင့်အလေ့များတို့ကို သင်တို့သည် ကျင့်လေ့ရှိကြသည်ဟု မိန့်တော်မူ၏။

  8. ရှင်မာကုခရစ်ဝင် 7:14ခရစ်နှစ် 32 ခန့်

    ထိုအခါ လူအစုအဝေးအပေါင်းကို အထံတော်သို့ခေါ်၍၊ သင်တို့ရှိသမျှသည် နားထောင်နားလည်ကြ လော့။

  9. ရှင်မာကုခရစ်ဝင် 7:15ခရစ်နှစ် 32 ခန့်

    လူပြင်မှလာ၍ လူအတွင်းသို့ဝင်လျက်၊ လူကိုညစ်ညူးစေနိုင်သော အရာတစုံတခုမျှမရှိ။ လူအတွင်းမှ ထွက်သောအရာသည် လူကို ညစ်ညူးစေသောအရာဖြစ်၏။

  10. ရှင်မာကုခရစ်ဝင် 7:16ခရစ်နှစ် 32 ခန့်

    ကြားစရာနားရှိသော သူမည်သည်ကား ကြားပါစေဟု မိန့်တော်မူ၏။

  11. ရှင်မာကုခရစ်ဝင် 7:17ခရစ်နှစ် 32 ခန့်

    လူအစုအဝေးရှိရာမှ ကြွ၍ အိမ်သို့ ဝင်တော်မူပြီးလျှင်၊ တပည့်တော်တို့သည် ထိုဥပမာကို မေးမြန်းကြ ၏။

  12. ရှင်မာကုခရစ်ဝင် 7:18ခရစ်နှစ် 32 ခန့်

    ကိုယ်တော်ကလည်း၊ သင်တို့သည် ဤမျှလောက် ပညာမဲ့လျက်နေသလော။ လူပြင်မှလာ၍ လူအတွင်း သို့ ဝင်သမျှသည် နှလုံးထဲသို့မဝင်။

  13. ရှင်မာကုခရစ်ဝင် 7:19ခရစ်နှစ် 32 ခန့်

    ဝမ်းထဲသို့ဝင်၍ အစာရှိသမျှကို သန့်ရှင်းစေသဖြင့် ရေအိမ်တွင် ဆင်းသွားသောကြောင့်၊ လူကို မညစ် ညူးစေနိုင်သည်ကို နားမလည်ကြသလော။

  14. ရှင်မာကုခရစ်ဝင် 7:20ခရစ်နှစ် 32 ခန့်

    လူအတွင်းမှထွက်သော အရာမူကား၊ လူကို ညစ်ညူးစေသောအရာဖြစ်၏။

  15. ရှင်မာကုခရစ်ဝင် 7:21ခရစ်နှစ် 32 ခန့်

    လူအတွင်းနှလုံးထဲက မကောင်းသော ကြံစည်ခြင်း၊ သူမယားကို ပြစ်မှားခြင်း၊ မိန်းမလွတ်နှင့် မှားယွင်း ခြင်း၊ လူအသက်ကို သတ်ခြင်း၊

  16. ရှင်မာကုခရစ်ဝင် 7:22ခရစ်နှစ် 32 ခန့်

    သူ့ဥစ္စာကို ခိုးခြင်း၊ လောဘလွန်ကျူးခြင်း၊ မနာလိုခြင်း၊ လှည့်စားခြင်း၊ ညစ်ညူးခြင်း၊ ငြူစုခြင်း၊ သူ့ အသရေကို ဖျက်ခြင်း၊ ထောင်လွှားစော်ကားခြင်း၊ လျှပ်ပေါ်ခြင်း၊

  17. ရှင်မာကုခရစ်ဝင် 7:23ခရစ်နှစ် 32 ခန့်

    ဤဆိုးညစ်သောအရာများတို့သည် အတွင်းမှထွက်လာ၍ လူကို ညစ်ညူးစေကြသည်ဟု မိန့်တော်မူ၏။

  18. ရှင်မာကုခရစ်ဝင် 7:24ခရစ်နှစ် 32 ခန့်

    ကိုယ်တော်သည် ထိုအရပ်မှထ၍ တုရုမြို့နှင့် ဖိဒုန်မြို့၏ ကျေးလက်သို့ ကြွတော်မူပြီးလျှင် အိမ်သို့ ဝင်၍ အဘယ်သူမျှ မသိစေခြင်းငှါ အလိုတော်ရှိသော်လည်း ပုန်းရှောင်၍ နေတော်မမူနိုင်။

  19. ရှင်မာကုခရစ်ဝင် 7:25ခရစ်နှစ် 32 ခန့်

    အကြောင်းမူကား၊ ညစ်ညူးသောနတ်စွဲသော မိန်းမငယ်၏ အမိသည် သိတင်းတော်ကို ကြားသဖြင့်၊

  20. ရှင်မာကုခရစ်ဝင် 7:26ခရစ်နှစ် 32 ခန့်

    မိမိသမီးထဲက နတ်ဆိုးကို နှင်ထုတ်တော်မူမည်အကြောင်း တောင်းပန်လေ၏။ ထိုမိန်းမကား၊ ဟေလသအမျိုး၊ ရှုရိဖိနိတ်ပြည်သူ ဖြစ်သတည်း။

  21. ရှင်မာကုခရစ်ဝင် 7:27ခရစ်နှစ် 32 ခန့်

    ယေရှုကလည်း၊ ရှေးဦးစွာ သားများကို ဝစွာကျွေးပါရစေ။ သား၏ အစာကို ယူ၍ ခွေးအားမပေး မချ အပ်ဟု မိန့်တော်မူ၏။

  22. ရှင်မာကုခရစ်ဝင် 7:28ခရစ်နှစ် 32 ခန့်

    မိန်းမကလည်း မှန်ပါ၏သခင်။ ခွေးမည်သည်ကား၊ သားတို့၏ စားနုပ်စားပေါက်ကို စားပွဲအောက်၌ စားမြဲထုံးစံရှိပါသည်ဟု ပြန်၍ လျှောက်လျှင်၊

  23. ရှင်မာကုခရစ်ဝင် 7:29ခရစ်နှစ် 32 ခန့်

    ကိုယ်တော်က၊ ထိုစကားကြောင့် သင်သွားလော့။ နတ်ဆိုးသည် သင်၏သမီးထဲမှ ထွက်သွားပြီဟု မိန့် တော်မူ၏။

  24. ရှင်မာကုခရစ်ဝင် 7:30ခရစ်နှစ် 32 ခန့်

    ထိုမိန်းမသည် မိမိအိမ်သို့ပြန်၍ နတ်ဆိုးထွက်သွားသည်ကို၎င်း၊ သမီးသည် အိပ်ရာ၌ အိပ်လျက် ရှိသည်ကို၎င်း တွေ့၏။

  25. ရှင်မာကုခရစ်ဝင် 7:31ခရစ်နှစ် 32 ခန့်

    တဖန် ကိုယ်တော်သည် တုရုမြို့နှင့် ဇိဒုန်မြို့၏ ကျေးလက်မှထွက်၍ ဒေကာပေါလိပြည်နယ်ကို ရှောက်သွားသဖြင့်၊ ဂါလိလဲအိုင်သို့ ရောက်တော်မူ၏။