အကြောင်းအရာသို့ ကျော်သွားရန်

Ziklag

12 verses

31.3700, 34.8700 Google Maps တွင် ကြည့်ရန်

Ziklag ကို ဖော်ပြသော အခန်းငယ်များ

  1. ဇိကလတ်မြို့၊ မာဒမန္နာမြို့၊ သံသန္နာမြို့၊

  2. ဇိကလတ်မြို့၊ ဗက်မာကဗုတ်မြို့၊ ဟာဇာသုသမြို့၊

  3. ထိုနေ့၌ အာခိတ်မင်းသည် ဇိကလတ်မြို့ကို ပေး၏။ ထို့ကြောင့် ယနေ့တိုင်အောင် ယုဒရှင်ဘုရင်တို့သည် ဇိကလတ်မြို့ကို ပိုင်ကြ၏။

  4. သုံးရက်လွန်၍ ဒါဝိဒ်နှင့် သူ၏ လူတို့သည် ဇိကလတ်မြို့သို့ရောက်သောအခါ၊ အာမလတ် လူတို့သည် တောင်ပြည်နှင့် ဇိကလတ်မြို့ကို တိုက်သဖြင့်၊ ဇိကလတ်မြို့ကို လုပ်ကြံ၍ မီးရှို့နှင့်ကြပြီ။

  5. ခေရသိပြည်တောင်ပိုင်း၊ ယုဒပြည်နှင့် ကာလက်ပြည်တောင်ပိုင်းကို တိုက်၍ ဇိကလတ်မြို့ကို မီးရှို့ပါပြီဟုပြောဆို၏။

  6. ဒါဝိဒ်သည် ဇိကလတ်မြို့သို့ ရောက်သောအခါ၊ လက်ရဥစ္စာ အချို့ကို မိမိအဆွေခင်ပွန်း၊ ယုဒအမျိုး အသက်ကြီးသူတို့ထံသို့ ပေးလိုက်၍၊ ထာဝရဘုရား၏ ရန်သူလက်မှရခဲ့သော ဥစ္စာထဲက သင်တို့ အဘို့ လက်ဆောင်ကို ကြည့်လော့ဟုမှာလိုက်၏။

  7. ရှောလုသေသောနောက်၊ ဒါဝိဒ်သည် အာမလတ်လူတို့ကို လုပ်ကြံရာမှပြန်လာ၍၊ ဇိကလတ်မြို့၌ နှစ်ရက်နေပြီးလျှင်၊

  8. အရင်တခါလူတယောက်သည် လာ၍ ဝမ်းမြောက်စရာသိတင်းကိုပြောမည်အကြံရှိလျက်၊ ရှောလု သေပါပြီဟု ငါ့အားကြားပြောသောအခါ၊ ထိုသိတင်းကို ပြောသောကြောင့် ဆုကိုရမည်ဟု ထင်သောထိုသူကို၊ ဇိကလတ်မြို့၌ ငါကိုင်ဆွဲ၍သတ်၏။

  9. ဗေသွေလမြို့၊ ဟော်မာမြို့၊ ဇိကလတ်မြို့၊

  10. ဒါဝိဒ်သည် ကိရှ၏သားရှောလုကို ရှောင်၍ ဇိကလတ်မြို့၌ နေစဉ်၊ သူ့ဘက်သို့ဝင်စားသောသူ၊

  11. မိမိအမျိုးသားတို့တွင် လူတထောင်ကို အုပ် သော ဗိုလ်၊ အာဒန၊ ယောဇဗဒ်၊ ယေဒယေလ၊ မိက္ခေလ၊ ယောဇဗဒ်၊ ဧလိဟု၊ ဇိလသဲတည်း။

  12. ဇိကလတ်၊ မေကောနမြို့ရွာများ၊