အကြောင်းအရာသို့ ကျော်သွားရန်

Moses

774 အခန်းငယ် · 7 မိသားစုဝင်

Moses ကို ဖော်ပြသော အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. သိုးကိုသတ်ပြီးလျှင်၊ မောရှေသည် အသွေးကို ယဇ်ပလ္လင်အပေါ်၌ ပတ်လည်ဖြန်းလေ၏။

  2. သိုးကိုလည်း အပိုင်းပိုင်းဖြတ်ပြီးလျှင်၊ ခေါင်းမှစ၍ သားတများနှင့် ဆီဥကို မီးရှို့လေ၏။

  3. ဝမ်းထဲ၌ရှိသော အရာနှင့်ခြေတို့ကို ဆေးကြော၍၊ သိုးတကောင်လုံးကို ယဇ်ပလ္လင်ပေါ်မှာ မီးရှို့လေ၏။ မွှေးကြိုင်ရာဘို့ မီးရှို့သော ယဇ်ဖြစ်သတည်း။ မီးဖြင့် ထာဝရဘုရားအားပြုသော ပူဇော်သက္ကာ ဖြစ်သတည်း။

  4. သိုးကို သတ်ပြီးမှ၊ မောရှေသည် အသွေးကိုယူ၍၊ အာရုန်၏ လက်ျာနားပျဉ်း၌၎င်း၊ လက်ျာလက်မ၌ ၎င်း၊ လက်ျာခြေမ၌၎င်း၊ ထည့်လေ၏။

  5. အာရုန်၏ သားတို့ကိုလည်း ခေါ်ခဲ့၍၊ သူတို့လက်ျာနားပျဉ်း၊ လက်ျာလက်မ၊ လက်ျာခြေမတို့၌ အသွေးကိုထည့်ပြီးမှ၊ ယဇ်ပလ္လင်အပေါ်၌ ပတ်လည်ဖြန်းလေ၏။

  6. ထိုအရာတို့ကို သူတို့လက်မှခံယူ၍၊ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရာယဇ်နှင့်အတူ ရှို့လေ၏။ မွှေးကြိုင် သော အနံ့ရှိ၍ အရာ၌ ခန့်ထားရာ ယဇ်ဖြစ်သတည်း။ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာ ဖြစ်သတည်း။

  7. ထိုနောက် မောရှေသည် ရင်ပတ်ကို ယူ၍၊ ထာဝရဘုရား ရှေ့တော်၌ ချီလွှဲသဖြင့်၊ ချီလွှဲသော ပူဇော်သက္ကာပြုလေ၏။ အရာ၌ ခန့်ထားရာ သိုး၏ ရင်ပတ်သည် မောရှေ၏အဘို့ ဖြစ်သတည်း။

  8. တဖန် ယဇ်ပလ္လင်ပေါ်မှာရှိသော အသွေးနှင့် လိမ်းရန်ဆီကိုယူ၍ အာရုန်နှင့် သူ၏ အဝတ်၌၎င်း၊ သူ၏သားတို့နှင့်သူတို့အဝတ်၌၎င်း၊ ဖြန်းသဖြင့်၊ အာရုန်မှစ၍ သားများ၊ အဝတ်များတို့ကို သန့်ရှင်းစေ လေ၏။

  9. မောရှေသည်၊ အာရုန်နှင့် သူ၏သားတို့အားလည်း၊ ထိုသိုး၏ အသားကို ပရိသတ်စည်းဝေးရာ တဲတော် တံခါးနားမှာ ပြုတ်ကြလော့။ ထာဝရဘုရားက၊ အာရုန်နှင့် သူ၏သားတို့သည် ထိုအသားကို စားရ ကြမည်ဟု ငါ့အား မှာထားတော်မူသည်အတိုင်း၊ ထိုအသားကို၎င်း၊ အရာ၌ ခန့်ထားရာ မုန့်တောင်း ၌ရှိသောမုန့်ကို၎င်း၊ ထိုအရပ်၌ စားကြလော့။

  10. မောရှေအားဖြင့် ထာဝရဘုရား မှာထားတော်မူသမျှအတိုင်း၊ အာရုန်နှင့် သူ၏သားတို့သည် ပြုကြ၏။

  11. အဋ္ဌမနေ့၌ မောရှေသည် အာရုန်နှင့်သူ၏သားများ၊ ဣသရေလ အမျိုးအသက်ကြီးသူများတို့ကို ခေါ်၍၊

  12. မောရှေမှာထားသောအရာတို့ကို ပရိသတ်စည်းဝေးရာ တဲတော်ရှေ့သို့ ဆောင်ခဲ့ပြီးမှ၊ ပရိသတ် အပေါင်းတို့သည် ချဉ်းကပ်၍ ထာဝရဘုရားရှေ့တော်၌ ရပ်နေကြ၏။

  13. မောရှေကလည်း၊ သင်တို့သည် ထာဝရဘုရား မိန့်တော်မူသည်အတိုင်း ဤသို့ပြုကြ၍၊ ထာဝရဘုရား၏ ဘုန်းတော်သည် သင်တို့အား ထင်ရှားမည်ဟူ၍၎င်း၊

  14. အာရုန်အားလည်း၊ သင်သည် ယဇ်ပလ္လင်သို့သွား၍ ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ သင်၏ အပြစ်ဖြေရာယဇ်၊ မီးရှို့ရာယဇ်ကို ပူဇော်သဖြင့်၊ သင်နှင့်လူများအတွက် အပြစ်ဖြေခြင်းကို ပြုလော့။ လူများ ဆောင်ယူခဲ့သော ပူဇော်သက္ကာကိုလည်း ပူဇော်၍၊ သူတို့အတွက် အပြစ်ဖြေခြင်းကို ပြုလော့ဟူ၍ ၎င်းဆိုလေ၏။

  15. အပြစ်ဖြေရာ ယဇ်ကောင်ဆီဥ၊ ကျောက်ကပ်၊ အသည်းပေါ်၌ရှိသော အမြှေးကို ယဇ်ပလ္လင်ပေါ်မှာ မီးရှို့လေ၏။ ထိုသို့ ထာဝရဘုရားသည် မောရှေအားမှာ ထားတော်မူ၏။

  16. ရင်ပတ်နှင့်လက်ျာပခုံးကို ထာဝရဘုရားရှေ့တော်၌ ချီလွှဲ၍၊ ချီလွှဲသော ပူဇော်သက္ကာကို ပြုလေ၏။ ထိုသို့ပြုရမည်ဟု မောရှေမှာထားသတည်း။

  17. တဖန် မောရှေနှင့် အာရုန်တို့သည် ပရိသတ်စည်းဝေးရာ တဲတော်ထဲသို့ ဝင်၍ ထွက်ပြီးမှ၊ လူများကို ကောင်းကြီးပေးသဖြင့်၊ ထာဝရဘုရား၏ ဘုန်းတော်သည် လူများတို့အား ထင်ရှားလေ၏။

  18. ထိုအခါ၊ မောရှေသည် အာရုန်ကိုခေါ်၍၊ ထာဝရဘုရားက၊ ငါသည် သန့်ရှင်းခြင်းရှိသည်ဟု ငါ့ထံ သို့ ချဉ်းကပ်သူတို့သည် မှတ်ရမည်။ လူအပေါင်းတို့သည် ငါ့ဘုန်းကို ချီးမြှင့်ရကြမည်ဟု မိန့်တော်မူ ရာ၌၊ ထိုသို့သော အမှုကို ရည်ဆောင်၍ မိန့်တော်မူသည်ဟု ဆိုလျှင်၊ အာရုန်သည် တိတ်ဆိတ်စွာ နေလေ၏။

  19. မောရှေသည် အာရုန်၏ ဘထွေး ဩဇေလသားမိရှေလနှင့် ဧလဇာဖန်ကိုခေါ်၍၊ လာကြ။ သင်တို့ ပေါက်ဘော်တို့ကို သန့်ရှင်းရာ ဌာနတော်က၊ တပ်ပြင်သို့ ယူသွားကြလော့ဟု ဆိုသည်အတိုင်း၊

  20. သူတို့သည် လာ၍ အင်္ကျီဝတ်လျက်ရှိသော အသေကောင်ကို တပ်ပြင်သို့ယူသွားကြ၏။

  21. မောရှေသည် အာရုန်နှင့် သူ၏သားဧလာဇာနှင့် ဣသမာတို့ကိုခေါ်၍၊ သင်တိ့လည်းသေမည်။ လူအပေါင်းတို့အပေါ်မှာ အမျက်တော်သင့်ရောက်မည်ကို စိုးရိမ်သည်ဖြစ်၍၊ သင်တို့ ဦးထုပ်ကို မချွတ်နှင့်။ အဝတ်ကို မဆုတ်နှင့်။ သင်တို့ ညီအစ်ကို ဣသရေလ အမျိုးသားရှိသမျှတို့သည် ထာဝရ ဘုရားပြုတော်မူသော မီးလောင်ခြင်းကိုသာ ငိုကြွေးမြည်တမ်းကြစေ။

  22. သင်တို့သေမည်ကိုစိုးရိမ်သည်ဖြစ်၍၊ ပရိသတ်စည်းဝေးရာ တံခါးပြင်သို့ မထွက်နှင့်။ ထာဝရဘုရား၏ ဘိသိက်ဆီသည် သင်တို့အပေါ်၌ရှိသည်ဟု ဆိုသည်အတိုင်း သူတို့ပြုကြ၏

  23. သင်တို့ အမျိုးအစဉ်အဆက် စောင့်ရသော ပညတ်ဖြစ်သတည်းဟု မိန့်တော်မူ၏။

  24. မောရှေသည်လည်း၊ အာရုန်နှင့်ကြွင်းသော သားဧလာဇာ၊ ဣသမာတို့ကိုခေါ်၍၊ သင်တို့သည် ထာဝရ ဘုရားအား မီးဖြင့်ပြုသော ဘောဇဉ်ပူဇော်သက္ကာ အကြွင်းကိုယူ၍ တဆေးမပါဘဲ ယဇ်ပလ္လင်နားမှာ စားကြလော့။ အလွန်သန့်ရှင်းပေ၏။

  25. တဖန် မောရှေသည် အပြစ်ဖြေရာ ယဇ်ပြုသော ဆိတ်ကို ကြိုးစား၍ ရှာသော်လည်း မတွေ့။ မီးရှို့ နှင့်ပြီ။ ထိုကြောင့် ကြွင်းသော အာရုန်သား ဧလာဇာ၊ ဣသမာတို့ကို အမျက်ထွက်လျက် ဆိုသည်ကား၊