အကြောင်းအရာသို့ ကျော်သွားရန်

God

11,427 အခန်းငယ် · 2 မိသားစုဝင်

God ကို ဖော်ပြသော အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. စိတ်နှလုံးသစ်ကို ငါပေးမည်။ သဘောသစ်ကို သွင်းထားမည်း။ သင်တို့ကိုယ်ခန္ဓာထဲက ကျောက်နှလုံးကို နှုတ်၍ အသားနှလုံးကို ပေးမည်။

  2. ငါ့ဝိညာဉ်ကိုလည်း သင်တို့အထဲသို့ သွင်းပေး သဖြင့်၊ သင်တို့သည် ငါ၏တရားလမ်းသို့လိုက်၍၊ ငါစီရင် တော်မူချက်တို့ကို စောင့်ရှောက်ကြလိမ့်မည်။

  3. ဘိုးဘေးတို့အား ငါပေးသောပြည်၌ သင်တို့ သည် နေရ၍ ငါ၏လူဖြစ်ကြလိမ့်မည်။ ငါသည်လည်း သင်တို့၏ဘုရားသခင်ဖြစ်မည်။

  4. သင်တို့ကို အညစ်အကြေးရှိသမျှတို့နှင့် ငါ ကင်းလွတ်စေမည်။ အစာခေါင်းပါးခြင်းဘေးကို ပယ်ရှား ခြင်းငှါ၊ ဆန်စပါးကို မှာလိုက်၍ များပြားစေမည်။

  5. သင်တို့သည် မွတ်သိပ်၍ တပါးအမျိုးသားတို့ ကဲ့ရဲ့ခြင်းနှင့် လွတ်စေမည်အကြောင်း၊ သစ်ပင်အသီးနှင့် မြေအသီးအနှံကို ငါများပြားစေမည်။

  6. သင်တို့ကိုထောက်၍ ဤအမှုကို ငါပြုသည် မဟုတ်ဟု သိမှတ်ကြလော့။ အိုဣသရေလအမျိုး၊ ကိုယ်ပြု မိသောအမှုကြောင့် ရှက်ကြောက်လျက်၊ မိန်မောတွေဝေ လျက်နေကြလော့ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။

  7. အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်တို့ဒုစရိုက် အပြစ်ရှိသမျှတို့ကို ငါရှင်းလင်းသောအခါ၊ မြို့များ၌လူနေစေ၍ ပျက်စီးသော အရပ်တို့သည် ပြုပြင် ခြင်းရှိကြလိမ့်မည်။

  8. ထိုအခါ ပျက်စီးသော အရပ်တို့ကို ငါထာဝရ ဘုရားပြုပြင်ကြောင်းကို၎င်း၊ စွန့်ပစ်သောမြေတွင် လယ် လုပ်ကြောင်းကို၎င်း၊ သင်တို့ပတ်လည်၌နေရစ်သော တပါးအမျိုးသားတို့သည် သိရကြလိမ့်မည်။ ငါထာဝရ ဘုရားသည် မိန့်မြွက်သည်အတိုင်း ပြုမည်။

  9. အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဣသရေလအမျိုးအဘို့ ဤအမှုကို ငါပြုရမည်အကြောင်း၊ သူတို့သည် ငါ့ကိုတောင်းပန်ရကြမည်။ သိုးများပြားသကဲ့သို့ ထိုအမျိုးသားအချင်းတို့ကို များပြားစေမည်။

  10. ပျက်စီးသောမြို့တို့သည် သန့်ရှင်းသော သိုးစု တည်းဟူသော၊ ဓမ္မပွဲခံချိန်တွင် ယေရုရှလင်သိုးစုကဲ့သို့ သော လူစုတို့နှင့် ပြည့်စုံ၍၊ ငါသည် ထာဝရဘုရား ဖြစ်ကြောင်းကို သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။

  11. တဖန်ထာဝရဘုရား၏ လက်တော်သည် ငါ့ အပေါ်မှာရှိ၍ ဝိညာဉ်တော်အားဖြင့် ငါ့ကိုပြင်သို့ ဆောင် သွားလျက်၊ အရိုးတို့နှင့် ပြည့်သောချိုင့်အလယ်၌ ထားပြီး လျှင်၊

  12. ထာဝရဘုရားကလည်း၊ အချင်းလူသား၊ ဤ အရိုးတို့သည် အသက်ရှင်နိုင်သလောဟု မေးတော်မူလျှင်၊ ငါက၊ အိုအရှင်ထာဝရဘုရား၊ ကိုယ်တော်သိတော်မူသည် ဟု လျှောက်လေ၏။

  13. ထာဝရဘုရားကလည်း၊ ဤအရိုးတို့အပေါ်မှာ ပရောဖက်ပြု၍ ဟောပြောရမည်မှာ၊ အိုသွေ့ခြောက် သော အရိုးတို့၊ထာဝရဘုရား၏အမိန့်တော်ကိုနားထောင် ကြလော့။

  14. ဤသွေ့ခြောက်သော အရိုးတို့အား အရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် သင်တို့ အထဲသို့ အသက်ကိုသွင်း၍ သင်တို့သည် အသက်ရှင်ရ ကြမည်။

  15. သင်တို့အပေါ်မှာ အကြောတို့ကို ငါတင်၍ အသားကို တက်စေမည်။ အရေနှင့် ဖုံးလွှမ်း၍၊ အသက် ကို သွင်းသဖြင့် သင်တို့သည် အသက်ရှင်၍၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်ဟု၊

  16. ထာဝရဘုရားကလည်း၊ အချင်းလူသား၊ လေ အား ပရောဖက်ပြုလော့။ အရှင်ထာဝရဘုရား၏ အမိန့် တော်ကို လေအားဆင့်ဆိုရမည်မှာ၊ အိုလေ၊ အရပ် လေးမျက်နှာတို့မှ လာ၍၊ ဤအသေကောင်တို့သည် အသက်ရှင်မည်အကြောင်း သူတို့အပေါ်မှာ မှုတ်လော့ဟု၊

  17. မှာထားတော်မူသည်အတိုင်း ငါသည် ပရော ဖက်ပြု၍၊ လေသည် သူတို့အထဲသို့ဝင်သဖြင့် သူတို့သည် အသက်ရှင်၍၊ အလွန်များသော ဗိုလ်ခြေဖြစ်လျက် မတ်တတ်နေကြ၏။

  18. ထာဝရဘုရားကလည်း၊ အချင်းလူသား၊ ဤအရိုးတို့သည် ဣသရေလအမျိုးအပေါင်းဖြစ်ကြ၏။ ငါတို့အရိုးများသည် သွေ့ခြောက်ကြ၏။ မြော်လင့်စရာ မရှိ။ ငါတို့သည် ဆုံးရှုံးကြပြီဟု သူတို့ဆိုတတ်ကြ၏။

  19. သို့ဖြစ်၍၊ ပရောဖက်ပြုလျက် အရှင်ထာဝရ ဘုရား၏ အမိန့်တော်ကို သူတို့အား ဆင့်ဆိုရမည်မှာ၊ အချင်းငါ၏လူတို့၊ သင်တို့သင်္ချိုင်းတွင်းများကို ငါဖွင့်၍ သင်တို့ကို ထုတ်ပြီးလျှင် ဣသရေလပြည်သို့ ပို့ဆောင် မည်။

  20. အချင်းငါ၏လူတို့၊ သင်တို့သင်္ချိုင်းတွင်းများကို ငါဖွင့်၍သင်တို့ ကို ထုတ်ပြီးလျှင်၊

  21. အသက်ရင်စေခြင်းငှါ ငါသည် ကိုယ်အသက်ကို သွင်းပေး၍၊ သင်တို့ကို နေရင်းပြည်၌ နေရာချသောအခါ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိရကြလိမ့် မည်။ ငါထာဝရဘုရားပြောသည်အတိုင်း ပြည့်စုံကြောင်း ကိုလည်း သိရကြလိမ့်မည်ဟု ထာဝရဘုရားမိန့်တော်မူ၏။

  22. တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊

  23. အရှင်ထာဝရဘုရား၏ အမိန့်တော်ကိုသူတို့ အား ဆင့်ဆိုရမည်မှာ၊ ဧဖရိမ်ကိုင်သော ယောသပ်၏ တုတ်နှင့်၊ သူ၏အပေါင်းအဘော် ဣသရေလအမျိုး အနွယ်တို့ကိုငါယူ၍ ယုဒတုတ်နှင့်အတူ ပူးထားပြီးလျှင်၊ တချောင်းတည်းဖြစ်သော တုတ်ကိုငါလက်စွဲမည်ဟု ဆင့်ဆိုလျက်၊

  24. အရှင်ထာဝရဘုရား၏ အမိန့်တော်ကိုလည်း ဆင့်ဆို ရမည်မှာ၊ ဣသရေလအမျိုးသားတို့ရောက်သော တပါး အမျိုးသားနေရာအရပ်ရပ်တို့မှ သူတို့ကိုငါခေါ်ခဲ့၍ စုဝေး စေပြီးလျှင်၊ သူတို့ကို နေရင်းပြည်သို့ ပို့ဆောင်မည်။

  25. ထိုပြည်တွင် ဣသရေလ တောင်တို့အပေါ်၌ လူတမျိုးတည်းဖြစ် စေ၍၊ ရှင်ဘုရင်တပါးတည်းသာလျှင် ထိုသူအပေါင်းတို့ကို စိုးစံရလိမ့်မည်။ နောင်တဖန် သူတို့ သည် လူနှစ်မျိုးမဖြစ်ရ။ နှစ်တိုင်းနှစ်ပြည်ကွဲပြားလျက် မရှိရ။