- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
ဆာလံကျမ်း68
Listen to this chapter
0:00
0:00
စစ်တိုက်ရန် ကြွေးကြော်ခြင်းနှင့် အောင်ပွဲရရန် ဆုတောင်းခြင်း
1
ဘုရားသခင်ထတော်မူ၍၊ ရန်သူတို့သည် အရပ်ရပ်သို့ ကွဲပြားကြပါစေသော။ ဘုရားသခင်ကို မုန်းသော သူတို့သည် အထံတော်က ပြေးကြပါစေသော။
2
မီးခိုးလွှင့်သကဲ့သို့ သူတို့ကို လွှင့်တော်မူပါ။ ဘယောင်းသည် မီးရှေ့မှာ အရည်ဖြစ်သကဲ့သို့၊ မတရားသော သူတို့သည် ဘုရားသခင့်ရှေ့တော်မှာ ပျက်စီးကြပါစေသော။
3
ဖြောင့်မတ်သော သူတို့သည် ဝမ်းမြောက်၍၊ ဘုရားသခင့်ရှေ့တော်မှာ ရွှင်လန်းသော စိတ်နှင့် အလွန် ဝမ်းမြောက်ဝမ်းသာကြပါစေသော။
4
ဘုရားသခင်အား သီချင်းဆိုကြလော့။ နာမတော်ကို ထောမနာသီချင်းဆိုကြလော့။ တော၌စီး၍ ကြွတော်မူသော အရှင်ဘို့ လမ်းကို ပြင်ကြလော့။ ထိုအရှင်၏ နာမတော်ကား၊ ထာဝရဘုရားတည်း။ ရှေ့တော်၌ ရွှင်လန်းကြလော့။
5
ဘုရားသခင်သည် သန့်ရှင်းသော ဘုံဗိမာန်တော်၌ စံပယ်လျက်၊ မိဘမရှိသော သူတို့၏ အဘဖြစ်၍၊ မုတ်ဆိုးမတို့ဘက်မှာ တရားစီရင်တော်မူ၏။
6
ဘုရားသခင်သည် ပေါက်ဘော်မရှိသော သူတို့အား အိမ်ထောင်ချခြင်းအခွင့်ကို ပေးတော်မူ၍၊ ချုပ်ထားသော သူတို့ကိုလည်း ကြွယ်ဝခြင်းထဲသို့ သွင်းတော်မူ၏။ ငြင်းဆန်သော သူတို့မူကား၊ သွေ့ခြောက်သော အရပ်၌ နေရကြ၏။
တော၌ ဘုရားသခင် ချီတက်တော်မူခြင်း
7
အို ဘုရားသခင်၊ ကိုယ်တော်၏လူစုရှေ့မှာ ကြွ၍၊ တော၌ ချီတော်မူသောအခါ၊
8
ဘုရားသခင်၏ မျက်နှာတော်ကြောင့်၊ မြေကြီး လှုပ်၍ မိုဃ်းကောင်းကင်သည် ယိုစီးလေ၏။ ဣသရေလအမျိုး၏ ဘုရားသခင် မျက်နှာတော်ကြောင့် သိနာတောင်သည်လည်း တုန်လှုပ်၏။
9
အိုဘုရားသခင်၊ ကိုယ်တော်သည် မိုဃ်းကို များစွာ ရွာစေ၍၊ ပင်ပန်းသော အမွေတော်လူတို့ကို ထောက်မတော်မူ၏။
10
ကိုယ်တော်၏ အလုံးအရင်းသည် နေရာကျရကြပါ၏။ အိုဘုရားသခင်၊ ဆင်းရဲသော သူတို့အဘို့ ကျေးဇူးတော်အားဖြင့် ပြင်ဆင်တော်မူ၏။
11
ဘုရားရှင်အမိန့်တော်ရှိ၍၊ ဝမ်းမြောက်စရာ သိတင်းကို ကြားပြောသော သူတို့သည် အတိုင်းမသိ များကြ၏။
12
စစ်အင်္ဂါဗိုလ်ခြေ သခင်ရှင်ဘုရင်တို့သည် အလျင်အမြန် ပြေးကြ၍၊ အိမ်၌ နေရစ်သော မိန်းမတို့သည် လက်ရဥစ္စာကို ဝေမျှကြ၏။
13
သင်တို့သည် တောင်ကြားမှာ နေရာကျလျက်၊ ငွေနှင့် မွန်းမံသော ချိုးငှက်အတောင်ကဲ့သို့၎င်း၊ နီသော ရွှေနှင့် မွမ်းမံသော အမွေးကဲ့သို့၎င်း၊ ဖြစ်ကြလိမ့်မည်။
14
အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ဘုရားသည်၊ ရှင်ဘုရင်တို့ကို ကွဲပြားစေတော်မူသောအရပ်သည် ဇာလမုန်တောင်ပေါ်မှာ မိုဃ်းပွင့်ကဲ့သို့ ဖြစ်လေ၏။
ဇိအုန်တောင်သို့ တက်ကြွခြင်း—ဘုရားသခင်ရွေးချယ်တော်မူသော နေရာ
15
ဘုရားသခင်၏ တောင်တည်းဟူသော ဗာရှန်တောင်၊ မြင့်သော ထိပ်များနှင့် ပြည့်စုံသော ဗာရှန်တောင်တို့၊
16
သင်တို့သည် မြင့်သော တောင်ထိပ်များနှင့် ပြည့်စုံသော်လည်း၊ ဘုရားသခင် ကျိန်းဝပ်ခြင်းငှါ အလိုရှိတော်မူသော တောင်၊ ထာဝရဘုရားသည် အစဉ်အမြဲနေရာချတော်မူသော တောင်တော်ကို အဘယ်ကြောင့် စောင်းမြောင်းကြသနည်း။
17
ဘုရားသခင်၏ရထားတော်တို့သည် အထောင်အသောင်းမက များကြ၏။ ဘုရားရှင်ပါတော်မူ၏။ သိနာတောင်လည်း သန့်ရှင်းရာဌာနတော်၌ ရှိသတည်း။
18
ကိုယ်တော်သည် မြင့်သောအရပ်သို့ တက်ကြွတော်မူသဖြင့်၊ များစွာသော သူတို့ကို ဘမ်းသွားတော်မူ၍၊ ထာဝရအရှင် ဘုရားသခင်သည် လူတို့တွင် ကျိန်းဝပ်တော်မူမည်အကြောင်း၊ လူတို့အဘို့မက၊ ပုန်ကန် သော လူတို့အဘို့ ဆုလပ်များကို ခံရတော်မူပြီ။
19
ထာဝရဘုရားသည် အစဉ်မင်္ဂလာရှိတော်မူစေသတည်း။ ငါတို့ကို သူတပါး ညှဉ်းဆဲသောအခါ၊ ဘုရားသခင် ကယ်တင်တော်မူ၏။
20
ငါတို့၏ ဘုရားသခင်သည် ကယ်တင်နိုင်သော ဘုရားဖြစ်တော်မူ၏။ ဘုရားရှင်ထာဝရဘုရားသည် သေခြင်းသို့ ရောက်သော လမ်းကိုလည်း အစိုးပိုင်တော်မူ၏။
21
ဘုရားသခင်သည် မိမိရန်သူတို့၏ ဦးခေါင်းကို၎င်း၊ အပြစ်ပြုမြဲပြုသော သူတို့၏ ဦးသျှောင်ကို၎င်း ဧကန်အမှန် နှိပ်စက်တော်မူမည်။
ရန်သူတို့၏ ကယ်တင်ခြင်းနှင့် တရားစီရင်ခြင်း
22
သူတို့ကို ဗာရှန်ပြည်က ငါဆောင်ခဲ့ဦးမည်။ နက်နဲသော ပင်လယ်ထဲက ငါဆောင်ခဲ့ဦးမည်။
23
ထိုသို့သောအားဖြင့် သင်သည် ရန်သူတို့ အသွေးကို နင်း၍၊ သင်၏ခွေးတို့သည်လည်း လျက်ကြလိမ့် မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
ဗိမာန်တော်၌ အောင်ပွဲခံ စီတန်းလှည့်လည်ခြင်း
24
အို ဘုရားသခင်၊ သန့်ရှင်းရာဌာနသို့ ကိုယ်တော်ကြွတော်မူခြင်း၊ အကျွန်ုပ်၏ ဘုရားသခင်၊ အကျွန်ုပ်၏ ရှင်ဘုရင် ကြွတော်မူခြင်းကို မြင်ရကြပါပြီ။
25
ရှေ့၌ကား၊ သီချင်းဆိုသောသူ၊ နောက်၌ကား၊ စောင်းအမျိုးမျိုးကို တီးသောသူ၊ အလယ်၌ကား၊ ပတ်သာကို တီးသော အပျိုတို့သည် လိုက်သွားကြပါ၏။
26
ဣသရေလအမျိုးသားတို့၊ ပရိသတ်အစည်းအဝေးတို့၌ ထာဝရအရှင် ဘုရားသခင်ကို ကောင်းကြီး ပေးကြလော့။
27
အစိုးရသော ဗင်္ယာမိန်ငယ်မှစ၍၊ မိမိအလုံးအရင်းနှင့်တကွ ယုဒမင်းများ၊ ဇာဗုလုန်မင်းများ နဿလိမင်းများ ပါကြ၏။
ခွန်အားတော်ရရန်နှင့် လူမျိုးအပေါင်းတို့ လက်အောက်ခံရန် ဆုတောင်းခြင်း
28
အို ဘုရားသခင်၊ တန်ခိုးတော်ကို ပြတော်မူပါ။ အိုဘုရားသခင်၊ အကျွန်ုပ်တို့၌ ပြုသော ကျေးဇူးတော်ကို တည်စေတော်မူပါ။
29
ယေရုရှလင်မြို့၌ရှိသော ဗိမာန်တော်အဘို့ ရှင်ဘုရင်တို့သည် ကိုယ်တော်ထံသို့ လက်ဆောင်များကို ဆောင်ခဲ့ကြပါစေသော။
30
ကျူတောသားရဲကို၎င်း၊ နွားလားဥသဘအစုအဝေးနှင့် လူမျိုးတို့၏ နွားပျိုတို့ကို၎င်း ဆုံးမတော်မူသဖြင့်၊ အသီးအသီးတို့သည် ငွေစနှင့် ကိုယ်ကို နှိမ့်ချကြပါစေသော။ စစ်မှုကို နှစ်သက်သော လူမျိုးတို့ကို အရပ်ရပ်သို့ ကွဲပြားစေတော်မူပါ။
31
အဲဂုတ္တုပြည်မှ သံတမန်တို့သည် လာကြပါစေသော။ ကုရှပြည်သည် မိမိလက်တို့ကို ဘုရားသခင်ထံ တော်သို့ အလျင်အမြန် ဆန့်ရပါစေသော။
စကြဝဠာ၏ရှင်ဘုရင်ကို ချီးမွမ်းခြင်း
32
မြေကြီးနိုင်ငံတို့၊ ဘုရားသခင့်ရှေ့တော်၌ သီချင်းဆိုကြလော့။
33
အစအဦး၌ အထက်ကောင်းကင်ဘဝဂ်ကို စီး၍ နေတော်မူသော ထာဝရဘုရားကို ထောမနာသီချင်း ဆိုကြလော့။ အသံတော်ကို လွှတ်တော်မူ၍၊ အားကြီးသော အသံဖြစ်၏။
34
ဘုရားသခင်သည် တန်ခိုးကြီးတော်မူသည်ဟု ဝန်ခံကြလော့။ ဣသရေလအမျိုးကို ဘုန်းတော်လွှမ်းမိုး လျက်၊ တန်ခိုးတော်လည်း မိုဃ်းတိမ်တို့တွင် ထင်ရှားလျက် ရှိသတည်း။
35
အို ဘုရားသခင်၊ ကိုယ်တော်သည် သန့်ရှင်းရာဌာနတော်ပြင်မှာ ကြောက်ရွံ့ဘွယ် ဖြစ်တော်မူ၏။ ဣသရေလအမျိုး၏ ဘုရားသခင်ကား၊ မိမိလူတို့အား အခွင့်တန်ခိုးကို မေးတော်မူသော ဘုရား ပေတည်း။ ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း။
Use ← → arrow keys to navigate
Settings
Reading Style
Typeface
Font Size px
Reading Width chars
Options
Study Note