- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
တမန်တော်ဝတ္ထု26
Listen to this chapter
0:00
0:00
ပေါလုသည် အဂရိပ္ပမင်းအား မိန့်ခွန်းပြောခြင်း
1
ထိုအခါအဂြိပ္ပမင်းက၊ သင်သည်ကိုယ်အဘို့ အလိုငှါ ပြောရသော အခွင့်ရှိသည်ဟု ပေါလုအားဆိုလျှင်၊ ပေါလုသည် လက်ကိုဆန့်၍ အပြစ်ဖြေရာစကားကို ဤသို့ပြော၏။
2
အဂြိပ္ပမင်းကြီး၊
3
ယုဒလူတို့သည် အကျွန်ုပ်ကိုအမှုလုပ်သမျှသောအရာမှာ၊ ရှေ့တော်၌အပြစ်ဖြေစရာစကားကို ယနေ့ ပြောရမည် အကြောင်းကို၎င်း၊ ထိုမျှမက ကိုယ်တော်သည် ယုဒထုံးတမ်း၊ ပုစ္ဆာအမေးများကိုလေ့ကျက်တော်မူ ကြောင်းကို၎င်း အကျွန်ုပ်ထောက်၍ ကိုယ်၌မင်္ဂလာရှိ သည်ဟု ကိုယ်ကိုထင်မှတ်ပါ၏။ ထိုကြောင့်သည်းခံသော စိတ်တော်နှင့် အကျွန်ုပ်စကားကို နားထောင်တော်မူမည် အကြောင်း အသနားတော်ခံပါ၏။
ဖာရိရှဲဖြစ်သော ပေါလု၏ဘဝ
4
ယေရုရှလင်မြို့တွင် ကိုယ်အမျိုးသားချင်းတို့၏ အထဲ၌ အကျွန်ုပ်နေသဖြင့်၊ ငယ်သောအသက်အရွယ်မှ စ၍၊ အကျွန်ုပ်၏အနေ အတိုင်းအပြုအမူများကို ယုဒလူ အပေါင်းတို့သည်သိကြပါ၏။
5
အကျွန်ုပ်သည် ယုဒဘာသာ၌ အလွန်ကျပ်တည်းစွာသော နည်းဥပဒေသကိုခံ၍၊ ဖာရိရှဲဖြစ်သည်ကို ထိုသူတို့သည် သက်သေခံခြင်းငှါ အလိုရှိလျှင် ရှေးဦးစွာကပင် သိကြပါ၏။
6
ဘုရားသခင်သည် ဘိုးဘေးများတို့အား ပေးတော်မူသော ဂတိတော်ကိုထောက်၍ မြော်လင့်ခြင်း တရားအကြောင်းကြောင့်၊ အကျွန်ုပ်သည် ယခုတွင် စစ်ကြောစီရင်ခြင်းကို ခံရပါ၏။
7
ယုဒလူတဆယ်နှစ်မျိုးတို့သည် နေ့ညဉ့်မပြတ် ကြိုးစား၍ ဘုရားဝတ်ပြုသဖြင့်၊ ထိုဂတိတော်အတိုင်းခံရ မည်ဟု မြော်လင့်ခြင်းရှိကြ၏။ အိုအဂြိပ္ပမင်းကြီး၊ ထိုမြော်လင့်ခြင်းတရားကို အကြောင်းပြု၍ ယုဒလူတို့ သည် အကျွန်ုပ်ကို အမှုလုပ်ကြပါ၏။
8
သေလွန်သောသူတို့ကို ဘုရားသခင် ထမြောက် စေတော်မူမည်ဟူသော အယူကိုမယူအပ်ဟု သင်တို့သည် အဘယ်ကြောင့် ထင်ကြပါသနည်း။
ညှဉ်းဆဲသူ၏ ဇွဲလုံ့လ
9
နာဇရက်မြို့သား ယေရှု၏ နာမတော်နှင့် ဆန့်ကျင်သော အမှုများကို ပြုကောင်း၏ဟု အကျွန်ုပ်သည် စိတ်ထင်လျက်၊
10
ယေရုရှလင်မြို့၌ ထိုအမှုကို ပြုမိပါ၏။ ယဇ်ပုရောဟိတ်အကြီးတို့ထံ၌ အခွင့်ရပြီးလျှင်၊ သန့်ရှင်းသူ အများတို့ကို ထောင်ထဲမှာ လှောင်ထားပါ၏။ သူတို့သည် အသေသတ်ခြင်းကို ခံရသောအခါ အကျွန်ုပ်သည် ဝန်ခံပါ၏။
11
ထိုသူတို့သည် ဘုရားသခင်ကို နှုတ်ဖြင့် ပြစ်မှားစေခြင်းငှါ၊ အကျွန်ုပ်သည် အနိုင်အထက်ပြု၍၊ ခပ်သိမ်းသောတရားစရပ်တို့၌ ကြိမ်ဖန်များစွာ ဒဏ်ပေးပါ၏။ ပြင်းစွာသော အမျက်ဒေါသနှင့် ယစ်မူးသဖြင့်၊ တကျွန်းတနိုင်ငံတိုင်အောင်သူတို့ကို ညှဉ်းဆဲနိုပ်စက်ပါ၏။
ဒမာသက်လမ်း၌ ရူပါရုံ
12
ထိုသို့ပြု၍ ယဇ်ပုရောဟိတ်အကြီးတို့ပေးသော အခွင့်အရာနှင့် အကျွန်ုပ်သည် ဒမာသက်မြို့သို့ သွားစဉ် တွင်၊
13
နေ၏အရောင်ထက်မကသော အလင်းသည် အကျွန်ုပ်မှစ၍ အကျွန်ုပ်နှင့်အတူ သွားသောသူများ ပတ်လည်၌ ကောင်းကင်ထဲက ထွန်းတောက်သည်ကို၊ မွန်းတည့်ချိန်တွင် လမ်းထဲမှာ အကျွန်ုပ်မြင်ရပါသည်။ အရှင်မင်းကြီး။
14
အကျွန်ုပ်နှင့် ထိုသူအပေါင်းတို့သည် မြေပေါ်မှာ လဲ၍ နေကြစဉ်၊ ရှောလု၊ ရှောလု၊ ငါ့ကိုအဘယ်ကြောင့် ညှဉ်းဆဲသနည်း။ ဒုတ်ချွန်ကို ခြေနှင့်ကျော်လျှင် ခက်လှသည်ဟု ဟေဗြဲဘာသာအားဖြင့် ပြောသော စကားသံကို အကျွန်ုပ်ကြားလျှင်၊
15
သခင်ကိုယ်တော်သည် အဘယ်သူနည်းဟု အကျွန်ုပ် မေးလျှောက်သော်၊ ငါကား၊ သင်ညှဉ်းဆဲသော နာဇရက်မြို့သား ယေရှုဖြစ်သတည်း။
16
သို့သော်လည်း၊ ထ၍မတ်တတ်နေလော့။
17
ငါသည်ယုဒအမျိုးသား၊ တပါးအမျိုးသားတို့ လက်မှ သင့်ကိုကယ်လွှတ်၍၊
18
သင်သည် ယခုမြင်ရသောအကြောင်းအရာတို့နှင့်၊ နောက်မှ ငါသည်သင့်အား ထင်ရှားလတံ့သော အကြောင်းအရာတို့မှာ၊ အမှုဆောင်ရွက်သောသူ၊ သက်သေခံသောသူအရာ၌ သင့်ကိုခန့်ထားစေခြင်းငှါ ငါသည်သင့်အား ထင်ရှား၏။ တပါးအမျိုးသားတို့သည် မှောင်မိုက်မှ အလင်းသို့ ကူးမြောက်၍၊ စာတန်၏အာဏာထဲမှ ဘုရားသခင့် အထံတော်သို့ ပြောင်းလဲသောအားဖြင့် အပြစ်လွှတ်ခြင်း ကျေးဇူးကို ခံရမည်အကြောင်းနှင့်၊ ငါ့ကို ယုံကြည်သော အားဖြင့် သန့်ရှင်းခြင်းသို့ ရောက်သောသူတို့နှင့် ဆက်ဆံ ၍ အမွေခံရမည်အကြောင်း၊ သူတို့၏မျက်စိကိုဖွင့်စေ ခြင်းငှါသူတို့ဆီသို့ သင့်ကို ငါစေလွှတ်မည်ဟု မိန့်တော် မူ၏။
ကောင်းကင်မှ ခေါ်တော်မူခြင်းကို နာခံခြင်း
19
အိုအဂြိပ္ပမင်းကြီး၊ ကောင်းကင်ကဖြစ်သော ထိုဗျာဒိတ်တော်ကို အကျွန်ုပ်သည် နားမထောင်ဘဲ မနေရပါ။
20
လူတို့သည် နောင်တရရမည်။ နောင်တရခြင်း နှင့်ထိုက်တန်သော အကျင့်ကို ကျင့်ရမည်။ ဘုရားသခင် အထံတော်သို့ ပြောင်းလဲရမည်ဟူ၍ ဒမာသက်မြို့၌ ရှေ့ဦးစွာ ဟောပြောပြီးလျှင်၊ ယေရုရှလင်မြို့မှစ၍ ယုဒပြည်အရပ်ရပ်၌နေသောသူတို့အား၎င်း၊ တပါးအမျိုးသား၊ တို့အား၎င်း၊ ဟောပြောပါ၏။
21
ထိုအကြောင်းများကြောင့်၊ ယုဒလူတို့သည် ဗိမာန်တော်၌ အကျွန်ုပ်ကိုဘမ်းဆီး၍ ကွပ်မျက်ခြင်းငှါ အားထုတ်ကြပါ၏။
22
သို့ရာတွင်ဘုရားသခင် မစတော်မူသော ကျေးဇူးတော်ကို အကျွန်ုပ်ခံရ၍၊
23
ယခုတိုင်အောင်ရှိနေရပါ၏။ ခရစ်တော်သည် အသေသတ်ခြင်းကိုခံရမည်ဟူ၍၎င်း၊ သေခြင်းမှ အဦးဆုံး ထမြောက်၍ ယုဒအမျိုးသား၊ တပါးအမျိုးသားတို့အား အလင်းကိုပေးမည်ဟူ၍၎င်း၊ မောရှေမှစသော ပရောဖက်များတို့ ဟောပြောသောစကားထက် အကျွန်ုပ်သည် မလွန်ဘဲ၊ လူအကြီးအငယ်တို့အား သက်သေခံ၍ နေပါသည်ဟု လျှောက်လေ၏။
ဖေတ္တုနှင့် အဂရိပ္ပတို့၏ တုံ့ပြန်မှု
24
ထိုသို့ပေါလုသည် အပြစ်ဖြေရာစကားကို လျှောက်သောအခါ၊ ဖေတ္တုမင်းက၊ ပေါလု၊ သင်သည် သူရူးဖြစ်၏။ သိပ္ပံအတတ်များကိုသင်၍ သူရူးအဖြစ်သို့ ရောက်ခဲ့ပြီဟုကြီးသော အသံနှင့်ဆို၏။
25
ပေါလုကလည်း၊ မြတ်တော်မူသောဖေတ္တမင်း၊ အကျွန်ုပ်သည် သူရူးမဟုတ်ပါ။ သမ္မာတရားနှင့်၎င်း၊ ကောင်းသောစိတ်နှင့်၎င်း၊ ယှဉ်သော စကားကို ပြောပါ၏။
26
ဤအရာများကိုအဂြိပ္ပမင်းကြီး သိတော်မူ၏။ ထိုမင်းရှေ့တော်၌ အကျွန်ုပ်အတည့်အလင်း လျှောက်ဝံ့ ပါ၏။ ဤအမူအရာ တစုံတခုကိုမျှ မင်းကြီးမသိဘဲ နေတော်မမူဟုအကျွန်ုပ်ထင်ပါ၏။ အကြောင်းမူကား၊ ဤအမှုသည် ဆိတ်ကွယ်ရာအရပ်၌ ပြုသောအမှု မဟုတ်ပါ။
27
အိုအဂြိပ္ပမင်းကြီး၊ ကိုယ်တော်သည် အနာဂတ္တိကျမ်းစာကို ယုံတော်မူသလော။ ယုံတော်မူသည်ကို အကျွန်ုပ်သိပါသည်ဟု လျှောက်၏။
28
အဂြိပ္ပမင်းကလည်း၊ သင်သည်ဖြားယောင်း သွေးဆောင်သောအားဖြင့်၊ ငါသည်ခရစ်ယာန်ဖြစ်လှပြီဟု ပေါလုအား ပြောဆိုလျှင်၊
29
ပေါလုက၊ ကိုယ်တော်မှစ၍ ယနေ့တွင် အကျွန်ုပ်၏စကားကို ကြားသောသူအပေါင်းတို့သည်၊ ဤသံကြိုးကိုထား၍ အကျွန်ုပ်ကဲ့သို့သောသူဖြစ်လုသည် သာမက လုံးလုံးဖြစ်စေခြင်းငှါ ဘုရားသခင်ကို အကျွန်ုပ် ဆုတောင်းပါသည်ဟု လျှောက်လေ၏။
ကြားနာစစ်ဆေးခြင်း နိဂုံးချုပ်ခြင်း
30
ထိုအခါမင်းကြီးနှင့်ဗေရနိတ်သည် ထ၍ မြို့ဝန် မင်းမှစသော အပေါင်းအဘော်များတို့နှင့်တကွ၊
31
အခြားသို့သွားပြီလျှင်၊ ဤသူသည် အသေသတ်ခြင်း၊ အကျဉ်းထားခြင်းခံထိုက်သောအမှုကို မပြုဟု အချင်းချင်းပြောဆိုကြ၏။
32
အဂြိပ္ပ မင်းကလည်း၊ ဤသူသည်ကဲသော ဘုရင် ၏ အယူတော်ကို ခံပါမည်ဟု မဆိုမိလျှင် လွှတ်သင့်သည်ဟု ဖေတ္တုမင်းအားဆို၏။
Use ← → arrow keys to navigate
Settings
Reading Style
Typeface
Font Size px
Options
Study Note