Praise အကြောင်း ကျမ်းစာအခန်းငယ်များ: Priests and Levites
Priests and Levites အကြောင်း အခန်းငယ်များ
လုပ်ဆောင်သောသူတို့သည် ထာဝရဘုရား၏ ဗိမာန်တော်တိုက်မြစ်ကိုချသောအခါ၊ ဣသရေလ ရှင်ဘုရင် ဒါဝိဒ်စီရင်သည်အတိုင်း၊ ထာဝရဘုရား၏ ဂုဏ်တော်ကိုချီးမွမ်းစေခြင်းငှါ၊ တံပိုးကိုင်သော ယဇ် ပုရောဟိတ်များ၊ ခွက်ကွင်းကိုင်သောလေဝိအမျိုး၊ အာသပ်သားများတို့ကို ခန့်ထားကြ၏။
ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၏။ ဣသရေလအမျိုး၌ ပြတော်မူသော ကရုဏာတော် အစဉ်အမြဲ တည်ပါသည်ဟူ၍ ဂုဏ်တော်ကို ချီးမွမ်းလျက်၊ ကျေးဇူတော်ကို ဝန်ခံလျက်၊ အသံပြိုင်၍ အလှည့်လှည့်သီ ချင်းဆိုကြ၏။ ဗိမာန်တော်တိုက်မြစ်ကို ချရသောကြောင့်၊ လူအပေါင်းတို့သည် ထာဝရဘုရား၏ဂုဏ်တော်ကို ချီးမွမ်းလျက်၊ ကြီးသောအသံနှင့် ကြွေးကြော်ကြ၏။