Alliance and Society with the Enemies of God အကြောင်း ကျမ်းစာအခန်းငယ်များ: Exhortations to hate and avoid
Exhortations to hate and avoid အကြောင်း အခန်းငယ်များ
မိုက်သောသူနှင့်တွေ့၍ သူ၏နှုတ်၌ ပညာ အတတ်မရှိသည်ကို သိမြင်လျှင်၊ ထိုသူကို ရှောင်သွား လော့။
ညီအစ်ကိုတို့၊ သင်တို့ခံရပြီးသော ဆုံးမဩဝါဒ နှင့်ဆန့်ကျင်ဘက်ဖြစ်သောသင်းခွဲခြင်း၊ မှားယွင်းခြင်း အကြောင်းကို ပြုတတ်သော သူတို့ကို မှတ်၍ရှောင်ကြလော့ဟု ငါသတိပေး၏။
သင်တို့သည် မတရားသော မေထုန်၌ မှီဝဲသော သူတို့နှင့် မပေါင်းဘော်မည်အကြောင်း၊ အထက်ဩဝါဒ စာ၌ ငါရေးထားခဲ့ပြီ။
ထိုသို့ရေးထားသော်၊ မတရားသော မေထုန်၌ မှီဝဲခြင်း၊ လောဘလွန်ကျူးခြင်း၊ အနိုင်အထက်လုယူခြင်း၊ ရုပ်တုကိုကိုးကွယ်ခြင်းအမှုကို ပြုသော လောကီသားတို့ နှင့်အလျှင်း မပေါင်းဘော်ရဟုမဆိုလို။ ထိုသို့ဆိုလျှင်၊ သင်တို့သည်လောကီမှ ထွက်သွားရကြမည်။
ယခုမူကား ညီအစ်ကိုဟု ခေါ်ဝေါ်သော သူသည် မတရားသော မေထုန်၌မှီဝဲခြင်း၊ လောဘ လွန်ကျူးခြင်း၊ ရုပ်တုကိုးကွယ်ခြင်း၊ ဆဲရေးကဲ့ရဲ့ခြင်း၊ သေရည်သေရက်နှင့် ယစ်မူးခြင်း၊ အနိုင်အထက်လုယူ ခြင်းမှစ၍၊ ထိုသို့သောအမှုကို ပြုသောသူနှင့်မပေါင်း ဘော်ရသည်သာမက၊ ထိုသူနှင့် အတူစားသောက်ခြင်း ကိစ္စကိုမျှ မပြုရဟုငါရေးထား၍ ပညတ်၏။
လျှပ်ပေါ်သောစကားဖြင့် အဘယ်သူမျှ သင်တို့ ကို မလှည့်ဖြားစေနှင့်။ ထိုအမှုကြောင့် ဘုရားသခင်၏ အမျက်တော်သည် ငြင်းဆန်တတ်သော သူတို့ အပေါ်သို့ သင့်ရောက်ပေ၏။
ထိုကြောင့်သူတို့နှင့်ဆက်ဆံ၍ မကျင့်ကြနှင့်။
စိတ်နှလုံးယိုယွင်း၍၊ သမ္မာတရားနှင့်ကင်းသော သူတို့ အချည်းနှီးဆွေးနွေးခြင်းဖြစ်တတ်၏။ ဘုရားဝတ်၌ မွှေ့လျော်ခြင်းသည် အကျိုး စီးပွားဖြစ်သည်ဟု သူတို့သည် စိတ်ထင်ကြ၏။ ထိုသို့သောသူတို့ကို ရှောင်လော့။
မွေ့လျော်ခြင်းတန်ခိုးကို ငြင်းပယ်သောသူ ဖြစ်ကြလိမ့်မည်။ ထိုသူတို့ကို ရှောင်လော့။