Skip to content
ဇာခရိအနာဂတ္တိကျမ်း 9:14-17

ဇာခရိအနာဂတ္တိကျမ်း 9:14-17

14
ထာဝရဘုရားသည် သူတို့အပေါ်မှာ ထင်ရှား တော်မူ၍၊ မြှားတော်သည် လျှပ်စစ်ပြက်သကဲ့သို့ ပြေး လိမ့်မည်။ အရှင်ထာဝရဘုရားသခင်သည် တံပိုးမှုတ်၍၊ တောင်လေဘွေတို့နှင့် ကြွသွားတော်မူလိမ့်မည်။
15
ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် သူတို့ကို ကွယ်ကာတော်မူသဖြင့်၊ သူတို့သည် ကိုက်စား၍ လက်လွှဲကျောက်တို့ကို ကျော်နင်းကြလိမ့်မည်။ သောက်ပြီး လျှင်၊ စပျစ်ရည်နှင့် ဝသကဲ့သို့ ကြွေးကြော်ကြလိမ့်မည်။ အင်တုံကဲ့သို့၎င်း၊ ယဇ်ပလ္လင်ထောင့်ကဲ့သို့၎င်း ပြည့်ဝကြ လိမ့်မည်။
16
ထိုနေ့၌ သူတို့၏ဘုရားသခင် ထာဝရဘုရား သည် မိမိလူတို့ကို သိုးစုကဲ့သို့ ကယ်တင်တော်မူလိမ့်မည်။ သူတို့သည် မြေတော်၌ ထင်ရှားသော သရဖူမျက်မွန်ကဲ့သို့ ဖြစ်ကြလိမ့်မည်။
17
ကျေးဇူးတော်သည် အလွန်ကြီးစွတကား။ ဂုဏ် အသရေတော်လည်း အလွန်ကြီးစွတကား။ ဆန်စပါးသည် လုလင်တို့ကို၎င်း၊ စပျစ်ရည်သစ်သည် အပျိုမတို့ကို၎င်း တိုးပွားများပြားစေလိမ့်မည်။
Settings

Reading Style

Typeface

Font Size 19px

Options