Skip to content
ရုသဝတ္ထု 2:11-23

ရုသဝတ္ထု 2:11-23

11
ဗောဇကလည်း၊ သင်၏လင်သေသွားနောက်၊ သင်သည်ယောက္ခမအားပြုစုသမျှကို၎င်း၊ သင်သည်မိဘနှင့်မွေးဘွားရာဌာနပြည်ကိုစွန့်၍အထက်က မသိဘူးသောပြည်သို့လာကြောင်းကို၎င်း၊ ငါ့အားသေချာစွာပြောကြပြီ။
12
သင့်အမှု၏အကျိုးကိုထာဝရဘုရားပေးတော်မူပါစေသော။ သင်သည်အတောင်တော်အောက်၌ ခိုလှုံ ခြင်းငှါ ချဉ်းကပ်သော ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားသည် စုံလင်သောဆုကို ချတော်မူပါစေသောဟု ဆိုသော်၊
13
ရုသကလည်း သခင်ကျွန်မသည် ရှေ့တော်၌မျက်နှာရပါစေ။ ကျွန်မသည်ကိုယ်တော်ကျွန်မတို့နှင့် မတူသော်လည်း၊ ကိုယ်တော်သည် လောကဝတ် စကားကို ပြော၍ကျွန်မကို နှစ်သိမ့်စေပါပြီဟု လျှောက်လေ၏။
14
ဗောဇကလည်း၊ စားသောက်သောအချိန်ရှိပြီ။ လာ၍မုန့်ကို စားလော့။ ပုံးရည်၌ စားစရာကို နျစ်လော့ ဟု ခေါ်ဆိုသည်အတိုင်း၊ ရုသသည် စပါးရိတ်သော သူတို့နှင့်အတူ ထိုင်လျှင်၊ ဗောဇသည် ပေါက်ပေါက်ကိုလှမ်း၍ ပေးသဖြင့်၊ သူသည် ဝစွာစားပြီးမှချန်ထားသေး၏။
15
စပါးကျန်ကို ကောက်ခြင်းငှါထသွားသောအခါ၊ ဗောဇသည်လုလင်တို့အား၊ ထိုမိန်းမသည် ကောက်လှိုင်း စုထဲမှာကျန်သောစပါးကိုကောက်သိမ်း ပါစေ၊ အရှက်မခွဲကြနှင့်။
16
ရိတ်ပြီးသောစပါးအချို့ကိုလည်း သူအဘို့ချထားလော့။ ကောက်ယူပါစေ။ အပြစ်မတင်ကြနှင့်ဟု မှာထား၏။
17
ရုသသည်ထိုလယ်၌ ညဦးတိုင်အောင် စပါးကျန်ကိုကောက်၍ ရသောစပါးကိုနယ်ပြီးလျှင် မုယောဆန်တဧဖာခန့်မျှရှိ၏။
18
ထိုဆန်ကိုယူ၍မြို့ထဲသို့ ဝင်သဖြင့်၊ ကောက်၍ရသောဆန်ကိုလည်း ယောက္ခမအားပြ၏။ ဝစွာစားပြီးမှ ချန်ထားသော အရာကိုလည်း ထုတ်၍ ပေးသေး၏။
19
ယောက္ခမကလည်း၊ ယနေ့အဘယ်မှာလုပ်သနည်း။ သင်သိမှတ် သောသူသည်မင်္ဂလာရှိပါစေသော ဟုမြွက်ဆိုလျှင်၊ ရုသက ယနေ့ကျွန်မလုပ်သောသူ၏အမည်ကား၊ ဗောဇဖြစ်ပါသည်ဟုယောက္ခမအား ကြားပြောသော်။
20
ယောက္ခမက၊ အသက်ရှင်သောသူ၊ သေသော သူတို့၌ ကျေးဇူးမပြတ် ပြုတော်မူသေးသောထာဝရဘုရား သည်သူ့ကိုကောင်းကြီးပေးတော်မူပါစေသောဟူ၍၎င်း၊ ထိုသူသည်ငါတို့နှင့်ပေါက်ဘော်တော်သောသူ၊ နီးစပ်သော အမျိုးသားချင်း အဝင် ဖြစ်သည်ဟူ၍၎င်း၊ ချွေးမအားပြောဆို၏။
21
ထိုသူက၊ ငါ့စပါးရိတ်ခြင်းအမှု မပြီးမှီတိုင်အောင်၊ ငါ့လူတို့၌မှီဝဲလျက်နေတော့ဟု ဆိုကြောင်းကိုလည်း မောဘအမျိုးသမီး ရုသသည် ကြားပြောသော်၊
22
နောမိက၊ ငါ့သမီး၊ သင်သည် သူ၏ကျွန်မတို့နှင့်ပေါင်းဘော်ကောင်း၏။ အခြားသောလယ်၌သူတို့သည် သင့်ကိုမတွေ့စေကောင်းဟု၊ ချွေးမရုသအားပြောသည်အတိုင်း၊
23
သူသည် မုယောစပါး၊ ဂျုံစပါးရိတ်ခြင်းအမှု ပြီးသည်တိုင်အောင်ဗောဇ၏ ကျွန်မတို၌ မှီဝဲလျက်၊ စပါးကျင်ကိုကောက်၍ ယောက္ခမထံမှာနေလေ၏။

ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်

Settings

Reading style

Typeface

Font size 19px

Reading width 75 chars

Options