Skip to content
ကမ္ဘာဦးကျမ်း 24:15-27

ကမ္ဘာဦးကျမ်း 24:15-27

15
ထိုသို့လျှောက်ဆို၍မပြီးမှ၊ အာဗြဟံအစ်ကိုနား ခေါ်မယား မိလခါသား၊ ဗေသွေလ၏သမီး ရေဗက္ကသည်၊ ရေဘူးကိုထမ်းလျက် ထွက်လာသည်ကိုမြင်၏။
16
ထိုသတို့သမီးသည်၊ အလွန်အဆင်းလှ၍၊ ယောက်ျားနှင့် မဆက်ဆံသေးသော ကညာဖြစ်၏။ ရေတွင်းသို့ဆင်း၍၊ ရေဘူးကို ရေနှင့်ဖြည့်ပြီးမှ တက်လာ ၏။
17
ကျွန်သည်လည်း၊ ထိုမိန်းမနှင့်တွေ့ခြင်းငှါပြေး၍၊ သင်၏ရေဘူး၌ ရေအနည်းငယ်ကို သောက်ပါရစေဟု ဆိုလေသော်၊
18
မိန်းမက၊ သောက်ပါလောအရှင်ဟုဆိုသဖြင့်၊ မိမိလက်ပေါ်မှာ၊ အလျင်အမြန်ရေဘူးကို ချ၍၊ ရေကို ပေးလေ၏။
19
ရေကိုပေးပြီးလျှင်၊ သင်၏ကုလားအုပ်တို့သည် လည်း၊ ဝစွာ သောက်စရာဘို့ရေခပ်ပါမည်ဟု ဆိုသည် အတိုင်း၊
20
အလျင်အမြန်ဘူး၌ရှိသော ရေကိုရေတိုက်ခွက် ထဲ၌ လောင်းပြီးလျှင်၊ တဖန်ခပ်ခြင်းငှါ ရေတွင်းသို့ပြေး၍၊ ကုလားအုပ်အဘို့ ရေခပ်လေ၏။
21
ယောက်ျားသည် ထိုမိန်းမကို အံ့ဩ၍၊ မိမိ ရောက်လာသော အမှုကို ထာဝရဘုရားပြုစုတော်မူသည်၊ မမူသည်ကို သိလို၍၊ တိတ်ဆိတ်စွာ နေလေ၏။
22
ကုလားအုပ်များကို ရေသောက်စေပြီးသော နောက်၊ ယောက်ျားသည်၊ အချိန်ငါးမူးရှိသော ရွှေနှာဆွဲ၊ အကျပ်တဆယ်အချိန်ရှိသော ရွှေလက်ကောက်တရံကို ထုတ်၍၊
23
သင်သည် အဘယ်သူ၏သမီးဖြစ်သနည်း။ ကျွန်ုပ်ကို ပြောပါ။ သင်၏အဘအိမ်၌ ကျွန်ုပ်တို့တည်းခို စရာအရပ်ရှိသလောဟု မေးလေသော်၊
24
မိန်းမက၊ ကျွန်ုပ်သည် နာခေါ်၏မယားမိလခါ ဘွားမြင်သော၊ ဗေသွေလ၏သမီးဖြစ်သည်ဟူ၍၎င်း၊
25
ကျွန်ုပ်တို့၌ မြက်ခြောက်များ၊ စားဘွယ်သောက် ဘွယ်များနှင့် တည်းခိုစရာအရပ်လည်း ရှိသည်ဟူ၍၎င်း ဆိုလေ၏။
26
ထိုအခါယောက်ျားသည် ဦးညွှတ်ချ၍ ထာဝရ ဘုရားကိုကိုးကွယ်လျက်၊
27
ကရုဏာ၊ သစ္စာတော်ကို အကျွန်ုပ်သခင်မှ ရုပ်သိမ်းတော်မမူသော၊ အကျွန်ုပ်သခင်အာဗြဟံ၏ ဘုရားသခင် ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေ သတည်း။ လမ်းမှာ သွားလျက်ရှိသော အကျွန်ုပ်ကို ထာဝရဘုရားသည် အကျွန်ုပ်သခင်၏ညီအစ်ကိုတို့အိမ်သို့ ပို့ဆောင်တော်မူပါသည်တကားဟု မြွက်ဆို၏။
Settings

Reading Style

Typeface

Font Size 19px

Reading Width 45 chars

Options