Skip to content
တရားဟောရာကျမ်း 32:34-43

တရားဟောရာကျမ်း 32:34-43

34
ဤအမှုသည် ငါ့ထံမှာ သိုထားလျက်၊ ငါ့ဘဏ္ဍာ တိုက်၌ တံဆိပ်ခပ်လျက် ရှိသည်မဟုတ်လော။
35
အပြစ်တရားကို စီရင်ရသော အခွင့်၊ အပြစ်နှင့် အလျောက်ဆပ်ပေးရသော အခွင့်ကို ငါပိုင်၏။ အချိန် တန်မှ သူတို့ခြေသည် ချော်လိမ့်မည်။ သူတို့၌ ဘေး ရောက်သောအချိန်နီးပြီ။ သူတို့တွေ့ကြုံရသောအမှုသည် အလျင်အမြန် ရောက်လာလိမ့်မည်။
36
ထာဝရဘုရားသည် မိမိလူတို့အဘို့ တရားစီရင် တော်မူမည်။ ကိုယ်တော်၏ ကျွန်တို့သည် တန်ခိုးကုန် ကြောင်း၊ အချုပ်ခံရသောသူ၊ လွတ်သောသူတယောက်မျှ မရှိကြောင်းကို မြင်သောအခါ၊ သူတို့အမှုကြောင့် နောင် တရတော်မူလျက်၊
37
သူတို့ဘုရား၊ သူတို့ခိုလှုံသောကျောက်သည် အဘယ်မှာရှိသနည်း။
38
သူတို့ပူဇော်သော ဆီဥကို စား၍ သွန်းလောင်း ရာ ပူဇော်သက္ကာ စပျစ်ရည်ကို သောက်သော သူတို့သည် အဘယ်မှာရှိသနည်း။ သူတို့သည် ထ၍ သင်တို့ကို ကွယ် ကာ စောင့်မပါလေစေ။
39
ငါသည် ကိုယ်တိုင်အားဖြင့် ဘုရားဖြစ်ကြောင်း ကို၎င်း၊ ငါမှတပါး အခြားသောဘုရားမရှိကြောင်းကို၎င်း ကြည့်ရှုကြလော့။ ငါသည် အသက်ကို သေစေ၏။ အသက်ကိုလည်း ရှင်စေ၏။ ငါသည် အနာပေါ်စေခြင်း ငှါ ဒဏ်ခတ်၏။ အနာကိုလည်း ပျောက်စေ၏။ ငါ့လက်မှ အဘယ်သူမျှ မကယ်မနှုတ်နိုင်။
40
ငါသည် အစဉ်အမြဲအသက်ရှင်ပေ၏ဟု ငါ့လက် ကို ကောင်းကင်သို့ချီ၍ ကျိန်ဆို၏။
41
ငါသည် ပြောင်လက်သောထားကို သွေး၍၊ တရားစီရင်စပြုလျက် ငါ့ရန်သူတို့၌ အပြစ်တရားကို စီရင်မည်။ ငါ့ကိုမုန်းသောသူတို့ ခံထိုက်သောအပြစ်အ လျောက် ငါဆပ်ပေးမည်။
42
ငါ့မြှားတို့ကို အသွေးနှင့်ယစ်မူးစေမည်။ ငါ့ထား သည် အသားကို စားလိမ့်မည်။ သတ်သောသူ၊ လက်ရ သောသူတို့၏ အသွေး၊ ရန်သူအကဲအမှူးတို့၏ ဦးခေါင်းကို စားသောက်လိမ့်မည်။
43
တပါးအမျိုးသားတို့၊ သင်တို့သည် ဘုရားသခင် ၏ လူမျိုးနှင့်အတူ ဝမ်းမြောက်ခြင်းရှိကြလော့။ အ ကြောင်းမူကား၊ ကိုယ်တော်၏ ကျွန်တို့ကို သတ်သော အပြစ်နှင့်အလျောက် ဒဏ်ပေး၍ ကိုယ်တော်၏ ရန်သူ တို့၌ အပြစ်တရားကို စီရင်တော်မူမည်။ ပြည်တော်နှင့် မိမိလူမျိုးကို ကယ်မသနားတော်မူမည်ဟူသော၊
Settings

Reading Style

Typeface

Font Size 19px

Options