Skip to content
တမန်တော်ဝတ္ထု 19:1-10

တမန်တော်ဝတ္ထု 19:1-10

1
အာပေါလုသည် ကောရိန္တုမြို့၌နေစဉ်၊ ပေါလုသည်အထက် အရပ်များကို ရှောက်သွားပြီးမှ ဧဖက်မြို့သို့ရောက်၍၊ တပည့်တော် အချို့တို့ကိုတွေ့လျှင်၊
2
သင်တို့သည် ယုံကြည်သည်နောက်၊ သန့်ရှင်း သော ဝိညာဉ်တော် ကိုခံကြပြီဟု မေးသည်ရှိသော်၊ သန့်ရှင်းသော ဝိညာဉ်တော်သက်ရောက်သည်ကို အကျွန်ုပ်တို့မသိပါဟု ပြောဆိုကြ၏။
3
ပေါလုကလည်း၊ သို့ဖြစ်လျှင်၊ သင်တို့သည် အဘယ်မည်သော ဗတ္တိဇံကို ခံကြသနည်းဟု မေးလျှင်၊ ယောဟန်၏ဗတ္တိဇံကိုခံပါသည်ဟု ပြောဆိုကြ၏။
4
ပေါလုကလည်း၊ ယောဟန်က၊ ငါ့နောက်ကြွလာသောသူကို ယုံကြည်ရမည်ဟု လူများတို့အား ပြောဆို လျက်၊ နောင်တနှင့် စပ်ဆိုင်သော ဗတ္တိဇံကိုပေး၏။ ထိုသို့ဆိုရာ၌ ယေရှုခရစ်ကို ဆိုလိုသည်။
5
ဟူသောစကားကို ကြားလျှင်၊ ထိုသူတို့သည် သခင်ယေရှု၏ နာမ၌ဗတ္တိဇံကို ခံကြ၏။
6
ပေါလုသည်လည်း၊ သူတို့အပေါ်၌ လက်ကိုတင်လျှင်၊ သန့်ရှင်းသော ဝိညာဉ်တော်သည် ဆင်းသက်တော် မူသဖြင့်၊ ထိုသူတို့သည် အမျိုးမျိုးသော ဘာသာစကားကို ပြော၍ ပရောဖက်ပြုကြ၏။
7
ထိုသူတို့သည် အရေအတွက်အားဖြင့် တကျိပ် နှစ်ယောက်မျှ လောက်ရှိသတည်း။
8
ထိုနောက်မှ ပေါလုသည် တရားစရပ်သို့ဝင်၍ သုံးလပတ်လုံး ဘုရားသခင်၏ နိုင်ငံတော်အကြောင်း များကို ဆွေးနွေးနှီးနှော၍ ဖြားယောင်းသွေးဆောင်သဖြင့် ရဲရင့်စွာ ဟောပြောလေ၏။
9
အချို့သောသူတို့သည် ခိုင်မာသောစိတ်ရှိ၍ မယုံကြည်ဘဲ နေလျက်၊ လူများရှေ့မှာ ထိုဘာသာကို ကဲ့ရဲ့သောအခါ၊ ပေါလုသည် သူတို့အထဲမှထွက်သွား၍ တပည့်တော်တို့ကို အသီးအခြားခွဲထားပြီးမှ၊
10
တုရန္နုအမည်ရှိသောသူ၏ စာသင်စရပ်၌ နှစ်နှစ်ပတ်လုံး နေ့တိုင်းဟောပြောသောအားဖြင့်၊ အာရှိ ပြည်သားဖြစ်သော ယုဒလူ၊ ဟေလသလူ အပေါင်းတို့ သည် သခင်ယေရှု၏ နှုတ်ကပတ်တရားတော်ကို ကြားရကြ၏။
Settings

Reading Style

Typeface

Font Size 19px

Options