အကြောင်းအရာသို့ ကျော်သွားရန်
ရာဇဝင်ချုပ်ဒုတိယစောင် 8:12-16

ဗိမာန်တော်ဝတ်ပြုရေးနှင့် အစီအစဉ်ကို တည်ထောင်ခြင်း

ရာဇဝင်ချုပ်ဒုတိယစောင် 8:12-16
12
ဗိမာန်တော် ဦးရှေ့မှာတည်သော ထာဝရ ဘုရား၏ ယဇ်ပလ္လင်ပေါ်မှာ၊ ရှောလမုန်သည် မောရှေ၏ ပညတ်တရားနှင့်အညီ၊ နေ့တိုင်းမည်မျှပူဇော်ရသော မီးရှို့ရာယဇ်ကို ထာဝရဘုရားအား နေ့တိုင်းပူဇော်လေ့ရှိ ၏။
13
ထိုမှတပါး ဥပုသ်နေ့နှင့် လဆန်းနေ့၌၎င်း၊ အဇုမပွဲ၊ ခုနစ်သိတင်းပွဲ၊ သကေနေပွဲတည်းဟူသော တနှစ်တနှစ်လျှင် ဓမ္မပွဲသုံးပွဲခံသော နေ့၌၎င်း ယဇ်ပူဇော် လေ့ရှိ၏။
14
ခမည်းတော် ဒါဝိဒ်စီရင်သည်အတိုင်း၊ ယဇ် ပုရောဟိတ်တို့သည် အလှည့်အလှည့် ယဇ်ပုရောဟိတ် အမှုကို၎င်း၊ လေဝိသားတို့သည် နေ့ရက် အစဉ်ဝတ်ပြု သင့်သည်အတိုင်း၊ ယဇ်ပုရောဟိတ်တို့နှင့် ဝိုင်း၍ ထော မနာသီချင်းဆိုသဖြင့်၊ မိမိတို့အမှုကို၎င်း၊ တံခါးစောင့် တို့သည် အလှည့်အလှည့် တံခါးရှိသမျှတို့ကို စောင့်ခြင်း အမှုကို၎င်း၊ အသီးသီးစောင်ရွက်စေခြင်းငှါ ခန့်ထား၏။ ထိုသို့ ဘုရားသခင်၏လူ ဒါဝိဒ်မှာထားနှင့်သတည်း။
15
အမှုတော်များ၊ ဘဏ္ဍာတော်များနှင့်ဆိုင်သော အရာမှာ ရှင်ဘုရင် မှာထားသမျှအတိုင်း ထိုသူတို့သည် ပြုကြ၏။
16
ထာဝရဘုရား၏ အိမ်တော်အမြစ်မချမှီ လက်စသတ်သည်တိုင်အောင်၊ ရှောလမုန်လုပ်ဆောင်ရန် အမှုရှိသမျှသည် အသင့်ပြင်ဆင်ပြီးဖြစ်၍၊ အိမ်တော်ကို လက်စသတ်လေ၏။
Settings

Reading Style

Typeface

Font Size 19px

Reading Width 45 chars

Options