- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
ဓမ္မရာဇဝင်ပဌမစောင် 4:1-10
1
တဖန် ဣသရေလ အမျိုးသားတို့သည် ဖိလိတ္တိလူတို့ကို တိုက်ခြင်းငှါ ချီသွား၍၊ ဧဗနေဇာမြို့နားမှာ တပ်ချလျက်၊ ဖိလိတ္တိလူတို့သည် အာဖက်မြို့၌ တပ်ချလျက်နေကြ၏။
2
ဖိလိတ္တိလူတို့သည် ဣသရေလအမျိုးကို စစ်ခင်းကျင်း၍ တိုက်ကြသောအခါ၊ ဣသရေလအမျိုးသည် စစ်ရှုံး၍ ရန်သူလက်တွင် သူရဲလေးထောင်ခန့်မျှ သေကြ၏။
3
လူများတို့သည် တပ်ထဲသို့ ရောက်သောအခါ၊ ဣသရေလအမျိုး အသက်ကြီးသူတို့က၊ ယနေ့ ထာဝရ ဘုရားသည် ငါတို့ကို ဖိလိတ္တိလူတို့ရှေ့မှာ အဘယ်ကြောင့် ရှုံးစေတော်မူသနည်း။ ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်သည် လာ၍၊ ငါတို့ကို ရန်သူလက်မှ ကယ်တင်စေခြင်းငှါ၊ ရှိလောမြို့မှ ဆောင်ခဲ့ ကြကုန်အံ့ဟု ဆိုကြသည်အတိုင်း၊
4
လူများတို့သည် ရှိလောမြို့သို့ လူကို စေလွှတ်၍၊ ခေရုဗိမ်စပ်ကြားမှာနေသော ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်ကို ဆောင်ခဲ့သဖြင့်၊ ဘုရားသခင်၏ ပဋိညာဉ်သေတ္တာ တော်နှင့်အတူ ဧလိ၏ သားဟောဖနိနှင့်ဖိနဟတ်နှစ်ယောက်တို့သည် ပါကြ၏။
5
ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်သည် တပ်ထဲသို့ ရောက်သောအခါ၊ မြေကြီး အသံမြည် သည်တိုင်အောင် တပ်သားအပေါင်းတို့သည် ကြွေးကြော်ကြ၏။
6
ကြွေးကြော်သံကို ဖိလိတ္တိလူတို့သည် ကြားလျှင်၊ ဟေဗြဲတပ်၌ ပြုသော ကြွေးကြော်သံကြီးကား အဘယ်သို့နည်းဟု မေးလျက်၊ ထာဝရဘုရား၏ သေတ္တာတော်သည် ထိုတပ်ထဲသို့ ရောက်ကြောင်း ကို သိကြ၏။
7
ဖိလိတ္တိလူတို့သည် ကြောက်၍၊ ဘုရားသခင်သည် ဟေဗြဲတပ်ထဲသို့ ရောက်လေပြီ တကား။ ငါတို့ သည် အမင်္ဂလာရှိကြ၏။ တခါမျှ ဤသို့ မဖြစ်စဖူး။
8
ငါတို့သည် အမင်္ဂလာရှိကြ၏။ တန်ခိုးကြီးသော ဤဘုရားသခင်၏လက်မှ ငါတို့ကို အဘယ်သူ ကယ် တင်လိမ့်မည်နည်း။ တော၌ အဲဂုတ္တုလူတို့ကို ဘေးအပေါင်းနှင့် ဒဏ်ခတ်သော ဘုရားကား၊ အခြား မဟုတ် ဤဘုရားပေတည်း။
9
အို ဖိလိတ္တိလူတို့၊ ဣသရေလလူတို့သည် သင်တို့ထံ၌ ကျွန်ခံရသကဲ့သို့၊ သူတို့ထံ၌ ငါတို့သည် ကျွန် မခံရမည်အကြောင်း၊ အားယူ၍ ယောက်ျားပြုကြလော့။ ယောက်ျားပြု၍ တိုက်ကြလော့ဟု ပြောဆို ကြ၏။
10
ဖိလိတ္တိလူတို့သည် စစ်တိုက်သဖြင့်၊ ဣသရေလအမျိုး ရှုံးပြန်၍၊ လူတိုင်း မိမိနေရာသို့ ပြေးလေ၏။ ကြီးစွာသော လုပ်ကြံခြင်းဖြစ်၍၊ ဣသရေလခြေသည် သူရဲ သုံးသောင်းတို့သည် သေကြ၏။
Settings