ကောရိန္သုဩဝါဒစာပဌမစောင် 16:5-9
5
မာကေဒေါနိပြည်လမ်းကိုငါသွားမည်ဖြစ်၍၊ ထိုပြည်မှ ထွက်ပြီးလျှင် သင်တို့ရှိရာသို့လာမည်။
6
နောက်မှအခြားသို့ ငါသွားသောအခါ၊ သင်တို့ ပို့သောကျေးဇူးကို ခံခြင်းငှါ၊ သင်တို့ဆီမှာ ငါတည်းခို၍ ဆောင်းကာလပတ်လုံး နေကောင်းနေလိမ့်မည်။
7
ယခုသွားစဉ်တွင် သင်တို့ကို တွေ့မြင်ခြင်းငှါသာ အလိုမရှိ၊ နောက်မှသခင်ဘုရားသည် အခွင့်ပေးတော်မူလျှင်၊ သင်တို့နှင့်အတူ ကြာမြင့်စွာနေမည်ဟု မြော်လင့် ခြင်း ရှိ၏။
8
ပင်တေကုတ္တေ ပွဲနေ့တိုင်အောင် ဧဖက်မြို့၌ ငါနေရမည်။
9
အကြောင်းမူကား၊ အလွန်ကြီးစွာသော တံခါးသည် အဆင်သင့်၍ ငါ့အားဖွင့်လျက်ရှိ၏။ ဆီးတားသော သူအများလည်း ရှိကြ၏။
Settings