Skip to content
ကောရိန္သုဩဝါဒစာပဌမစောင် 11:7-16

ကောရိန္သုဩဝါဒစာပဌမစောင် 11:7-16

7
ယောက်ျားသည် ဘုရားသခင်၏ ပုံသဏ္ဌာန်၊ ဘုန်းအသရေတော်ဖြစ်သောကြောင့် မိမိခေါင်းကို မဖုံးရ။ မိန်းမမူကား ယောက်ျား၏ဘုန်းအသရေဖြစ်၏။
8
ယောက်ျားသည် မိန်းမကြောင့်ဖြစ်သည် မဟုတ်။ မိန်းမသည် ယောက်ျားကြောင့်ဖြစ်၏။
9
ယောက်ျားကို မိန်းမတို့ဖန်ဆင်းသည်မဟုတ်။ မိန်းမကို ယောက်ျားဘို့ ဖန်ဆင်း၏။
10
ထိုကြောင့်၊ ကောင်းကင်တမန်များကို ထောက်၍၊ မိန်းမသည် မိမိခေါင်းကို ဖုံးရမည်။
11
သို့သော်လည်း သခင်ဘုရား၌ ယောက်ျားမပါဘဲ မိန်းမ ဖြစ်သည်မဟုတ်။ မိန်းမပါဘဲ ယောက်ျားဖြစ်သည် မဟုတ်။
12
မိန်းမသည် ယောက်ျားကြောင့်ဖြစ်သကဲ့သို့ ယောက်ျားသည်လည်း မိန်းမအားဖြင့်ဖြစ်၏။ အလုံးစုံ တို့သည်လည်း ဘုရားသခင်ကြောင့် ဖြစ်ကြ၏။
13
မိန်းမသည် ခေါင်းကိုမဖုံးဘဲလျက် ဘုရားသခင်ကို ဆုတောင်းလျှင်၊ လျောက်ပတ်သည် မလျောက်ပတ် သည်ကို သင်တို့ အလိုအလျောက် ဆင်ခြင်စီရင်ကြလော့။
14
ယောက်ျားသည် ရှည်သောဆံပင်ရှိလျှင်၊ ရှက်ဘွယ်သော အကြောင်းဖြစ်သည်ကို သင်တို့အား ပကတိတရားပင် ဆုံးမသွန်သင်သည် မဟုတ်လော။
15
မိန်းမမူကား၊ ရှည်သောဆံပင်ရှိလျှင်၊ သူ၏ ဘုန်းအသရေ ဖြစ်၏။ အကြောင်းမူကား၊ မိန်းမဆံပင် သည် မိမိခြုံစရာတို့ ဖြစ်၏။
16
သို့သော်လည်း တစုံတယောက်သောသူသည် ငြင်းခုံလျှင်၊ ငါတို့၌၎င်း၊ ဘုရားသခင်၏ အသင်းတော်၌ ၎င်း၊ ထိုသို့သော ထုံးစံမရှိ၏။
Settings

Reading Style

Typeface

Font Size 19px

Options