Woman အကြောင်း ကျမ်းစာအခန်းငယ်များ: Punishment for seducing when not betrothed
Punishment for seducing when not betrothed အကြောင်း အခန်းငယ်များ
မပေးစားလိုသော အပျိုကို၊ အကြင်ယောက်ျားသည် ချော့မော့၍ သင့်နေလျှင်၊ ကန်တော့ဥစ္စာကို ပေး၍ ထိုမိန်းမကို မယားအရာ၌ မြှောက်ထားရမည်။
မိန်းမ၏အဘ သဘောမတူမပေးစားလိုလျှင်၊ ကန်တော့ရသည်နှင့်အမျှ ငွေကို လျော်ရမည်။
ယောက်ျားနှင့် မထိမ်းမြား မဆောင်နှင်းသေး သော အပျိုကညာကို အခြားသောယောက်ျားသည် တွေ့၍ ကိုင်ဆွဲသင့်နေသည်ကို တွေ့မိလျှင်၊
ထိုယောက်ျားသည် မိန်းမ၏ အဘအား ငွေ ငါးဆယ်ကို လျော်ရမည်။ ထိုမိန်းမသည်လည်း သူ၏ မယားဖြစ်ရမည်။ သူ့ကို ရှုတ်ချသောကြောင့် တသက်လုံး မကွာရ။