Woman အကြောင်း ကျမ်းစာအခန်းငယ်များ: Often taken captive
Often taken captive အကြောင်း အခန်းငယ်များ
ထာဝရဘုရားသည် တရားသဖြင့် စီရင်တော် မူ၏။ ငါသည် ပညတ်တော်ကို လွန်ကျူးမိပြီ။ လူမျိုး ခပ်သိမ်းတို့၊ နားထောင်၍ ငါ၏ဒုက္ခကို ဆင်ခြင်ကြ ပါလော့။ ငါ၏လူပျိုနှင့် အပျိုတို့ကို သိမ်းသွားကြပါလော့။ ငါ၏လူပျိုနှင့် အပျိုတို့ကို သိမ်းသွားကြပြီ။
အာဝင်မြို့၊ ဖိဗေသက်မြို့သား လုလင်တို့သည် ထားဖြင့်လဲ၍ သေကြသဖြင့်၊ မိန်းမတို့သည် သိမ်းသွား ခြင်းကို ခံရကြလိမ့်မည်။
တာပနက်မြို့၌ အဲဂုတ္တုလှံတံတို့ကို ငါချိုး၍၊ သူ့အစွမ်းသတ္တိ၏ ဂုဏ်အသရေဆုံးသောအခါ နေ့အချိန် ၌ အလင်းကွယ်လိမ့်မည်။ မိုဃ်းအုံ၍ မြို့သမီးတို့သည် သိမ်းသွားခြင်းကို ခံရကြလိမ့်မည်။